He
whispered , " My love , raise your eyes."
I sharply
child him and said " Go! " ,
But He did
not sir .
အချစ်ရေ . . . မျက်လုံးလေးဖွင့်ပြီး
မော့ကြည့်စမ်းပါဦးကွယ် လို့
သူက လေသံတိုးတိုးလေးနဲ့ ပြောခဲ့တယ် ။
ကျွန်မအသံ ခပ်မာမာနဲ့ " ထွက်သွား
" လို့ ပြောလိုက်ပေမယ့်
သူမလှုပ်ပါဘူး ။
He stood
before me and held both my hands.
I said , "
Leave me ! "
But he did
not go.
သူ ကျွန်မရှေ့မှာလာရပ်ပြီး
ကျွန်မလက်တွေက ဆုပ်ကိုင်ထားတယ် ။
" ရှင် မနှောင့်ယှက်ပါနဲ့ "
လို့ ပြောလိုက်ပေမယ့်
သူ မထွက်သွားပါဘူး ။
He brouht
his face near my ear.
I glanced
at him and said , " What a shame ! "
But he did
not move.
ကျွန်မ နား အနားကို
သူ့မျက်နှာတိုးကပ်လာတယ် ။
ကျွန်မ သူ့ကို စိုက်ကြည့်ပြီး
" ရှင် အရှက်မရှိဘူးလား "
လို့ ပြောလိုက်ပေမယ့်
သူ မရွေ့ပါဘူး ။
He lips
touched my cheek.
I trembled
and said , " You dare too much. "
But he had
no shame.
သူ့ နှုတ်ခမ်းတွေ ကျွန်မပါးပြင်ကို
လာထိတယ် ။
ကျွန်မ တုန်လှုပ်စွာနဲ့ ပြောမိတယ် ။
" ရှင် အတင့်ရဲလှချည်လား "
ဒါပေမယ့် သူ အရှက်ရှိပုံမရပါဘူး ။
He put a
flower in my hair.
I said , "
It is useless."
But he
stood unmoved.
သူ ကျွန်မဆံပင်ပေါ်မှာ ပန်လေးတစ်ပွင့်
ပန်ပေးတယ် ။
" အလကား အပိုအလုပ် " လို့
ပြောလိုက်ပေမယ့်
သူကတော့ မလှုပ်မရှက် ရပ်နေဆဲပါ ။
He took
the garland from my neck and went away.
I weep and
ask my ask ,
"
What does he not come back ? "
သူ ကျွန်မလည်တိုင်က
ပန်းကုံးလေးကိုယူပြီး
အဝေးကို ထွက်သွားပြီ ။
ကျွန်မ ငိုမိတယ် ။
ကျွန်မ
နှလုံးသားကိုလည်း ပြန်မေးမိတယ် ။
သူ
ဘာဖြစ်လို့ ပြန်မလာတော့တာလဲ ဟင် !!!!
မူရင်း - ရောဘင်ဒြာနတ်တဂိုး
ဆရာကောင်းသန့် ဘာသာပြန်ဆိုသည်
( ချစ်သူဖတ်ဖို့ စာအုပ်မှ)
No comments:
Post a Comment