မင်းနဲ့ပတ်သက်ပြီး
မျော်လင့်ချက်တွေ
တအားများခဲ့တယ်
အနာဂတ်ရဲ့ရွှေရောင်သတို့သမီးလေးတစ်ပါးအဖြစ်ပေါ့
။
သံယောဇဉ်တွေ
သက်ဝင်ယုံကြည်ခဲ့ပြီးမှ
ကို
ဘာအမှားများလုပ်ခဲ့မိလို့
ခွဲမယ်
ခွါမယ် ခဏခဏပြောရတာလဲ
မင်းလေးကြောင့်
နိုးတဝက်
အိပ်ပျက်ညတွေ များခဲ့လည်း
ချစ်ခြင်းရဲ့မြစ်ဖျားတစ်နေရာက
အတွယ်အတာတွေကို
ကို
အမြဲ ယစ်မူးခဲ့တာပါ
မင်းဘက်က
ကြင်နာမှုသံစဉ်တွေ
ဘာအတွက်ကြောင့်ပဲ
ပျောက်ခဲ့ ပျောက်ခဲ့
ကို့ဘက်ကတော့
သမုဒယတွေကို ပျိုးပြီးရင်းပျိုးလို့
သမုဒယတွေကို ပျိုးပြီးရင်းပျိုးလို့
ဘဝအဆက်ဆက်
ချစ်နိုင်သလောက် ဆက်ချစ်နေမှာပါ ။
ချစ်သူရယ်
. . .
ကို
မကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေအတွက်
အသစ်ရှာဖို့
စိတ်ကူးလေသလား
တို့နှစ်ယောက်ချစ်ခြင်းတွေ
ရှင်သန်စေဖို့
ဘယ်လိုလောင်စာတွေ
ကို
သုံးရပါ့မလဲကွယ် ။
တစ်စုံတစ်ရာဟာ
ကို့ကို
စိမ်းကားတတ်အောင် တွန်းအားပေးနေတယ်
အဲတာ
ဥပေက္ခာတွေ မဖြစ်ပါစေနဲ့လို့
မင်း
အကြောင်းစဉ်းစားတိုင်း
ရင်ဘတ်ထဲမှာ
ဗြောင်းဆန်နေတယ်
အကြောင်းမှန်တကယ်တော့
အတွယ်အတာမှာ
မာယာတွေနဲ့ ဒဏ်သင့်လေပြီလား
မာယာတွေနဲ့ ဒဏ်သင့်လေပြီလား
ကမ်းခဲ့သမျှ
လှမ်းဖို့ခက်နေသလိုပဲ
မင်းကို
တမ်းတရင်း
စိတ်မှာ
ဘဝင်မအေး ဖြစ်နေရပြီ ... ချစ်ရသူရယ် ။
စံပယ်ချို
No comments:
Post a Comment