Thursday, 11 April 2013


အဆိုအမိန့်

A friend is present you give yourself.
မိတ်ဆွေသူငယ်ချင်း ဆိုသည်မှာ သင့်ကိုယ်သင် ချီးမြှင့်သော လက်ဆောင်ဖြစ်သည်။
Do not save your loving speeches
For your friends till they are dead.
Do not write them on their tombstones,
Speak them rather now instead.
သင်၏ နှစ်သက်ဖွယ် စကားများကို
သူငယ်ချင်းများ ကွယ်လွန်ပြီးပါမှ ဖွင့်ဟမပြောပါနှင့်။
သူတို့ အုတ်ဂူကျောက်ပြားပေါ်လည်း ကမ္ဗည်းမထိုးနှင့်။
ခုအချိန်တွင် ဖွင့်ဟပြောချလိုက်ပါ။
A mother's love never ages.
( American Proverb)
အမေ့မေတ္တာ အိုသည်မရှိ။
He is the happiest, be he king or peasant, who find peace in his home.
ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ မိမိအိမ်တွင်း၌ ငြိမ်းချမ်းမှုရှိသောသူသည် အပျော်ဆုံးလူ ဖြစ်၏။
(မိုးမြင့်မောင်၏ ဒဿနပန်းခင်း မှ )

Wednesday, 10 April 2013

သူ..

He whispered , " My love , raise your eyes."
I sharply child him and said " Go! " ,
But He did not sir .
အချစ်ရေ . . . မျက်လုံးလေးဖွင့်ပြီး မော့ကြည့်စမ်းပါဦးကွယ် လို့
သူက လေသံတိုးတိုးလေးနဲ့ ပြောခဲ့တယ် ။
ကျွန်မအသံ ခပ်မာမာနဲ့ " ထွက်သွား " လို့ ပြောလိုက်ပေမယ့်
သူမလှုပ်ပါဘူး ။
He stood before me and held both my hands.
I said , " Leave me ! "
But he did not go.
သူ ကျွန်မရှေ့မှာလာရပ်ပြီး
ကျွန်မလက်တွေက ဆုပ်ကိုင်ထားတယ် ။
" ရှင် မနှောင့်ယှက်ပါနဲ့ " လို့ ပြောလိုက်ပေမယ့်
သူ မထွက်သွားပါဘူး ။
He brouht his face near my ear.
I glanced at him and said , " What a shame ! "
But he did not move.
ကျွန်မ နား အနားကို သူ့မျက်နှာတိုးကပ်လာတယ် ။
ကျွန်မ သူ့ကို စိုက်ကြည့်ပြီး
" ရှင် အရှက်မရှိဘူးလား " လို့ ပြောလိုက်ပေမယ့်
သူ မရွေ့ပါဘူး ။
He lips touched my cheek.
I trembled and said , " You dare too much. "
But he had no shame.
သူ့ နှုတ်ခမ်းတွေ ကျွန်မပါးပြင်ကို လာထိတယ် ။
ကျွန်မ တုန်လှုပ်စွာနဲ့ ပြောမိတယ် ။
" ရှင် အတင့်ရဲလှချည်လား "
ဒါပေမယ့် သူ အရှက်ရှိပုံမရပါဘူး ။
He put a flower in my hair.
I said , " It is useless."
But he stood unmoved.
သူ ကျွန်မဆံပင်ပေါ်မှာ ပန်လေးတစ်ပွင့် ပန်ပေးတယ် ။
" အလကား အပိုအလုပ် " လို့ ပြောလိုက်ပေမယ့်
သူကတော့ မလှုပ်မရှက် ရပ်နေဆဲပါ ။
He took the garland from my neck and went away.
I weep and ask my ask ,
" What does he not come back ? "
သူ ကျွန်မလည်တိုင်က ပန်းကုံးလေးကိုယူပြီး
အဝေးကို ထွက်သွားပြီ ။
ကျွန်မ ငိုမိတယ် ။
ကျွန်မ နှလုံးသားကိုလည်း ပြန်မေးမိတယ် ။
သူ ဘာဖြစ်လို့ ပြန်မလာတော့တာလဲ ဟင် !!!!
မူရင်း - ရောဘင်ဒြာနတ်တဂိုး
ဆရာကောင်းသန့် ဘာသာပြန်ဆိုသည်
( ချစ်သူဖတ်ဖို့ စာအုပ်မှ)

ချစ်ရ သူ တစ်ဦးအတွက်......

ချစ်သူရယ် . . .
မင်းနဲ့ပတ်သက်ပြီး
မျော်လင့်ချက်တွေ တအားများခဲ့တယ်
အနာဂတ်ရဲ့ရွှေရောင်သတို့သမီးလေးတစ်ပါးအဖြစ်ပေါ့ ။
သံယောဇဉ်တွေ သက်ဝင်ယုံကြည်ခဲ့ပြီးမှ
ကို ဘာအမှားများလုပ်ခဲ့မိလို့
ခွဲမယ် ခွါမယ် ခဏခဏပြောရတာလဲ
မင်းလေးကြောင့်
နိုးတဝက် အိပ်ပျက်ညတွေ များခဲ့လည်း
ချစ်ခြင်းရဲ့မြစ်ဖျားတစ်နေရာက အတွယ်အတာတွေကို 
ကို အမြဲ ယစ်မူးခဲ့တာပါ
မင်းဘက်က ကြင်နာမှုသံစဉ်တွေ 
ဘာအတွက်ကြောင့်ပဲ ပျောက်ခဲ့ ပျောက်ခဲ့
ကို့ဘက်ကတော့
သမုဒယတွေကို ပျိုးပြီးရင်းပျိုးလို့
ဘဝအဆက်ဆက်  ချစ်နိုင်သလောက် ဆက်ချစ်နေမှာပါ ။
ချစ်သူရယ် . . .
ကို မကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေအတွက်
အသစ်ရှာဖို့ စိတ်ကူးလေသလား
တို့နှစ်ယောက်ချစ်ခြင်းတွေ ရှင်သန်စေဖို့
ဘယ်လိုလောင်စာတွေ
ကို သုံးရပါ့မလဲကွယ် ။
တစ်စုံတစ်ရာဟာ
ကို့ကို စိမ်းကားတတ်အောင် တွန်းအားပေးနေတယ်
အဲတာ ဥပေက္ခာတွေ မဖြစ်ပါစေနဲ့လို့
မင်း အကြောင်းစဉ်းစားတိုင်း
ရင်ဘတ်ထဲမှာ ဗြောင်းဆန်နေတယ်
အကြောင်းမှန်တကယ်တော့
အတွယ်အတာမှာ
မာယာတွေနဲ့ ဒဏ်သင့်လေပြီလား
ကမ်းခဲ့သမျှ လှမ်းဖို့ခက်နေသလိုပဲ
မင်းကို တမ်းတရင်း
စိတ်မှာ ဘဝင်မအေး ဖြစ်နေရပြီ ... ချစ်ရသူရယ် ။
စံပယ်ချို

မော်ဒယ်သန္တာလှိုင်နှင့်တွေ့ဆုံခြင်း

မြန်မာပရိသတ်က ဘယ်လိုပုံတွေက ညစ်ညမ်းပြီး ဘယ်လိုပုံတွေက ယဉ်ကျေးမှုနဲ့ လက်ခံလို့ရသလဲဆိုတာ ခွဲခြားတတ်လာပါပြီ

Photo
မော်ဒယ်ခေတ်ဦးတည်းက သီးသန့်မော်ဒယ်အဖြစ် ရပ်တည်လာခဲ့ပြီး အောင်မြင်နေချိန်မှာပဲ နိုင်ငံခြားကိုထွက်ခွာသွားခဲ့တဲ့ သန္တာလှိုင်ဟာ ၂၀၀၉ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ခုလို အိမ်ထောင်ကျပြီး ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေ အားပေးမှုရရှိထားပြီး အနုပညာအလုပ်တစ်ဖက်၊ စီးပွားရေးအလုပ်တစ်ဖက် ပြန်လည်အစပျိုး လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၃ မှာတော့ သူမ ကျွမ်းကျင်တတ်မြောက်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီး မော်ဒယ်လုပ်ငန်းကိုလည်း စိစစ်ပြီး လုပ်ကိုင်နေပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာ ၀င်ဆံ့အောင်မြင်ခဲ့တဲ့ မော်ဒယ်သန္တာလှိုင်နဲ့ ယနေ့ခေတ် မော်ဒယ်လောက ဖြတ်သန်းမှု၊ ဂယက်၊ ဝေဖန်မှုတွေအကြောင်းကို မေးမြန်းခဲ့ပါတယ်။
မော်ဒယ်၊ စီးပွားရေးလုပ်ကိုင်သူ တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ပြန်လည်ရပ်တည်ဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။
လူတွေအကုန်လုံးက အခုချိန်ကျမှ ရန်ကုန်ကို အလုအယက် ပြန်လာနေကြတဲ့အချိန်မှာ ကျွန်မက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သွားလိုက်၊ ပြန်လိုက်နဲ့ စပြီးအခြေချခဲ့တာပါ။ မီးကလည်းပျက်၊ အိမ်ကလေးကလည်း ကျဉ်းကျဉ်းလေးနဲ့ စီးပွားရေးတစ်ဖက်နဲ့ ကလေးတွေနဲ့ခွဲပြီး ဒီမှာ တစ်ဝက်နေ၊သြစတြေးလျမှာ တစ်ဝက်နေနဲ့ စခဲ့တာ။ အခုချိန်မှာတော့ စောစောပြန်လာတဲ့ အကျိုးကျေးဇူးကို စပြီးခံစားနေရပြီလို့ ပြောလို့ရပါပြီ။
လွန်ခဲ့တဲ့သုံးနှစ်ကျော်မှာ မြန်မာပြည်ကို ပြန်လာခါစတုန်းက အ၀တ်အစားဖက်ရှင်ဒီဇိုင်း လုပ်ငန်းကိုရော ဆက်လုပ်ဖြစ်နေပါသလား။
အ၀တ်အစား ဖက်ရှင်ဒီဇိုင်း လုပ်ငန်းတစ်ခုလုံးကို ရောင်းလိုက်ပါပြီ။ သိပ်ပြီးအောင်မြင်သွားလို့ ရောင်းလိုက်တာတော့ မဟုတ်ပါဘူး။ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းမို့လို့ပါ။ အခုတော့ ကိုယ်ကျွမ်းကျင်တဲ့ပညာနဲ့ပဲ လုပ်ငန်းစဖြစ်တော့ အချိန်တိုတိုအတွင်းမှာပဲ မထင်မှတ်ရလောက်အောင်ကို ခရီးရောက်လာပါတယ်။
ဒီလိုဆိုတော့ အခုလုပ်နေတဲ့ အလုပ်ကရော။
၂၀၁၂ မှာ ကျွန်မနဲ့ ကျွန်မရဲ့စီးပွားဖက်တစ်ဦးနဲ့အတူ မြန်မာပြည်တွင်း ဥပဒေပညာရှင်တွေနဲ့ပေါင်းပြီး ဥပဒေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးလုပ်ငန်းတစ်ခု  လုပ်ကိုင်ခဲ့ပါတယ်။ Australia  University of New England မှာ ဥပဒေရေးရာ အထူးပြုတက်ပြီး ကျောင်းမပြီးခင်လေးမှာ အလုပ်စလိုက်တာပါ။ ကိုယ်ကျွမ်းကျင်ရာမို့လို့လည်း အလုပ်တွေအားလုံး အချိန်တိုအတွင်းမှာ အဆင်ပြေပြေနဲ့ အံဝင်ခွင်ကျဖြစ်လာတာပါ။ Modelling နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ Agency တွေကိုလည်း ကျွန်မရဲ့ရုံးမှာပဲ လက်ခံပြီးတွေ့ဖြစ်ပါတယ်။
မော်ဒယ်ဘ၀၊ စီးပွားရေးလုပ်ငန်းရှင်ဘ၀နဲ့  မိခင်ဘ၀မှာ နေ့စဉ်အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲပါသလဲ။
ကျွန်မရဲ့လုပ်ငန်းက ရန်ကုန်မှာ  ရုံးချုပ်မို့လို့ ရန်ကုန်မှာပဲ အချိန်ပြည့်နေဖြစ်တာ ၂၀၁၂ တည်းကပါ။ ကျွန်မရဲ့ကလေးတွေလည်း ရန်ကုန်မှာပဲ ကျွန်မနဲ့နေပါတယ်။ အချိန်ဆိုတာ တကယ်ပေးချင်ရင် အမြဲရှိပါတယ်။ အဲဒီလိုမှ အချိန်ကို အကျိုးရှိအောင် မသုံးရင် ကလေးနဲ့အမေနဲ့က မနက် ကျောင်းမသွားခင်ရယ် ညအိပ်ချိန်ရယ်လောက်ပဲ တွေ့ရမှာလေ။ အချိန်ရရင်ရသလို ကလေးတွေနဲ့ အတူရှိနေပါတယ်။
မော်ဒယ်လုပ်ငန်းအကြောင်း အဓိကမေးချင်ပါတယ်။ မော်ဒယ်ခေတ်ဦးကတည်းက Professional အဖြစ် လုပ်ကိုင်ခဲ့တဲ့ အစ်မရဲ့မော်ဒယ်ဘ၀ ဖြတ်သန်းမှုနဲ့ ဒီနေ့ မော်ဒယ်ဖြတ်သန်းမှုမှာ ဘာတွေ ကွဲပြားခြားနားသွားပါသလဲ။
ဒီကနေ့အချိန်မှာတော့ ကိုယ်က နေရာတစ်ခုကို သီးသီးသန့်သန့် ယူထားတဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်တဲ့အတွက်ရော၊ နိုင်ငံတကာ အတွေ့အကြုံတွေရှိတဲ့ လက်ဦးမော်ဒယ်ဖြစ်နေတာကလည်းတစ်ကြောင်း၊ ငယ်ငယ်တုန်းက ရပ်တည်ရတာနဲ့တော့ မတူဘူးပေါ့။ နေရာပေးခံရတာချင်းရော၊ လေးစားမှုရော ငယ်ငယ်ကနဲ့တော့ ယှဉ်လို့မရပါဘူး။
မော်ဒယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်သိက္ခာပိုင်း၊ တန်ဖိုးထားမှုဆိုတာကို နိုင်ငံတကာ မော်ဒယ်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ခဲ့တဲ့ အစ်မ ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ဆိုလိုပါသလဲ။
မော်ဒယ်တင်မဟုတ်ဘဲ လူတိုင်းမှာ ကျင့်ဝတ်နဲ့သိက္ခာဆိုတာ ရှိပါတယ်။ မော်ဒယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာလည်း လူတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်သိက္ခာနဲ့ ဘာမှမကွာပါဘူး။ ပိုတိုးရင်သာတိုးသွားမယ်။ မော်ဒယ်ဆိုတာကျတော့ အားလုံးက ပိုစိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ခံရတဲ့ အလုပ်အကိုင်
ဖြစ်နေလို့ပါပဲ။
ယနေ့ခေတ် မော်ဒယ်လို့ ဆိုကြတဲ့ တချို့မြန်မာမော်ဒယ် မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဖော်ပြမှုတွေက မော်ဒယ်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့တန်ဖိုးကို ယုတ်လျော့စေနိုင်တယ်လို့ ထင်ပါသလား။
အဲဒါဟာ အင်မတန်မေးကြတဲ့ မေးခွန်းပါ။ အခု ကျွန်မမြင်တာက ဂုဏ်သိက္ခာထိခိုက်စရာကောင်းတဲ့ အ၀တ်အစားမျိုး ၀တ်ပြီးတော့ မြန်မာမျက်စိမှာ ကြည့်ရတာ အဆင်မပြေတဲ့ ဆေးလိပ်နဲ့ အရက်ကြော်ငြာကို မိန်းကလေးတွေလုပ်ရင် သူတို့ကိုယ်သူတို့ မော်ဒယ်ဆိုပြီး ဂုဏ်ပုဒ်တပ်လိုက်တဲ့အတွက် မြန်မာလူကြီးအများစုဟာ မော်ဒယ်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းကို အမြင်မှားလာစရာ ရှိပါတယ်။ ဆေးလိပ်နဲ့ အရက်ရောင်းတာကို မှားတယ်လို့ ပြောတာမဟုတ်ပါဘူးနော်။ မော်ဒယ်အနုပညာဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မော်ဒယ်လို့ နာမည်တပ်ထားတဲ့ လူတွေကိုပဲ ကြည့်ပြီး သုံးသပ်သွားကြမှာမို့လို့ လွယ်လွယ်ကူကူနဲ့ ဓာတ်ပုံတစ်ခါလောက် ရိုက်ဖူးရင်ဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခါလောက် ပြိုင်ဖူးရင်ဖြစ်ဖြစ်၊ ကလပ်ထဲမှာ  စင်ပေါ်ခဏလျှောက်ဖူးရင်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မော်ဒယ်လို့ နာမည်မတပ်ကြပါနဲ့လို့ဘဲ ကျွန်မ တောင်းပန်ချင်ပါတယ်။
အဖော်အချွတ်ဓာတ်ပုံတွေ အွန်လိုင်းမှာ နေရာယူလာတာဟာ ပြည်တွင်းမော်ဒယ်တွေအပေါ် အမြင်တိမ်းစောင်းမှု ဖြစ်နိုင်ပါသလား။ ဥပမာ စပွန်ဆာရှာတယ်ဆိုတဲ့ အမြင်မျိုး လူမှုရေးပြဿနာတွေနဲ့ ရောထွေးအမြင်ခံရနိုင်ခြေ ပိုများနိုင်ပါသလား အစ်မ။
ပြည်တွင်းမော်ဒယ်အများစုက ဒီလိုပုံတွေ မရိုက်ကြပါဘူး။ မော်ဒယ်အနည်းစုသာ အွန်လိုင်းပေါ်မှာ ညီမပြောတဲ့ ပုံတွေ ရှိနေတာပါ။ အ၀တ်မပါဘဲနဲ့တောင် ညစ်ညမ်းတယ်ဆိုတဲ့ အာရုံမကျန်ခဲ့စေဘဲနဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုလေးကျန်အောင် ရိုက်ပြီးတင်ဆက်နိုင်ရင် အနုပညာမြောက်တယ်လို့  ကျွန်မ ယူဆပါတယ်။ ဒါပေမဲ့ အခုမြင်နေရတာတွေက ဆင်ဆာမရှိတော့ဘူးဆိုတိုင်း အင်္ကျီတော့ ၀တ်ထားပါတယ်။ ပို့စ်က လှုံ့ဆော်နိုးကြွစေတဲ့ ပို့စ်နဲ့ Lighting က ပြေပြစ်မှုမရှိ Composition က ဘာမှပညာသား မပါလည်း Print Add တွေမှာ သုံးနေကြတယ်။ အခု ပြောနေတာက ကျွန်မကိုယ်တိုင်က အဖော်အချွတ်ဓာတ်ပုံတွေ မရိုက်ဘူးဆိုတာနဲ့ သူများ လှလို့ချွတ်ပြီး ရိုက်လို့ရလို့ ရိုက်ထားတာကို မနာလိုစိတ် ထားသလိုမျိုး ဖြစ်သွားမှာပေါ့နော်။ မြန်မာပရိသတ်ဟာလည်း အမြင်ကျယ်လာပါပြီ။ နိုင်ငံကြီး ပွင့်လင်းလာတာနဲ့အမျှ တစ်ကမ္ဘာလုံးက အဆင့်အတန်းမီ ဓာတ်ပုံတွေ၊ ကြော်ငြာတွေမှာ ဘယ်လိုပုံတွေက ညစ်ညမ်းပြီး ဘယ်လိုပုံတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ လက်ခံလို့ရသလဲဆိုတာ ခွဲခြားတတ်လာပြီ။ မော်ဒယ်တိုင်း ဒီလိုပုံမျိုး မရိုက်ဘူးဆိုတာလည်း ခွဲခြားတတ်လာပါလိမ့်မယ်။
အစ်မရဲ့ လက်ရှိဘ၀မှာ ဘယ်လို အားသာချက်တွေကြောင့် Career Woman အဖြစ် ရပ်တည်နိုင်တာပါလဲ။
အားသာချက်လို့ ပြောရလောက်အောင် ကျွန်မမှာ ကြီးကြီးကျယ်ကျယ်ပြစရာ တစ်ခုမှ မရှိဘူးထင်တယ်။ Career Woman အနေနဲ့ ရပ်တည်နိုင်တာကတော့ ကိုယ်ဖြစ်ချင်စိတ်ရှိရင် အကုန်ဖြစ်အောင်လုပ်နိုင်တဲ့ လူ့စိတ်စွမ်းအားဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အဲဒါကြောင့် ကျွန်မ အခုလောလောဆယ် လုပ်နေတဲ့အရာတွေ အားလုံးဟာ ဒီစိတ်လေးတစ်ခုတည်းကြောင့်နဲ့ ဖြစ်တည်၊ ရပ်တည်နေတာလို့ ပြောရင် ရပါတယ်။ ဥပမာ ဒီနေ့ဆို ကလေးတွေ အိပ်ရာကနိုးတာနဲ့ အငယ်ကောင်ကို နို့ဖျော်တိုက်တယ်။ သမီးအကြီးက ကျွန်မကိုယ်တိုင် ဆံပင်စည်းပေးမှ ကျောင်းသွားတယ်။ ကလေးတွေ ကျောင်းပို့ရင်းနဲ့ ရုံးကို အတူတူထွက်လို့ရတာပေါ့။ ရုံးမှာဆို Appointment တွေ အပြည့်တန်းစီနေတာ။ ညနေ ၄ နာရီလောက်ဆိုရင် ကလေးတွေ အိမ်ရောက်လောက်ပြီဆိုတာ တွေးပြီး အိမ်ပြန်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ တစ်ခါတလေ တစ်ပတ်လုံး ညစာစားပွဲတွေ၊ တွေ့ဆုံပွဲတွေ ပြည့်နေတော့ အိမ်စောစောပြန်ပြီးမှ ပြန်ထွက်တယ်။ တစ်ခါတလေကျတော့လည်း တော်ရုံတန်ရုံ အလုပ်နဲ့မပတ်သက်တဲ့ ဧည့်သည်ဆို အိမ်မှာပဲတွေ့တော့ ကလေးတွေနဲ့ အချိန်ပဲ့မပါဘူးပေါ့။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။      ။

မြောက် ကိုရီးယား။။။။။။။။အရေး ခင်း

မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေ ပါတယ်၊ မြောက်ကိုရီးယား ဖက်က Missile ဒုံးလက်နက်ပစ်လွှတ်မှုကို ကာကွယ်နိုင်ဖို့ အသင့် ပြင်ဆင် ထားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ထားတယ်လို့ ကာကွယ်ရေးဌာနပြောခွင့်ရသူတွေက VOA ကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်ဖို့ စစ်တပ်က နောက်ဆုံးခွင့်ပြုချက်ပေးလိုက်ပြီလို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ သုံးသပ်သူ အများစု ကတော့ မြောက်ကိုရီးယား အစိုးရအနေနဲ့ အဲဒီလို တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ ပြောနေကြပါတယ်။

မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို နိုင်ငံရဲ့ အရှ့ဖက် ကမ်းရိုးတမ်းကို ရွှေ့ထားတယ်ဆိုတာကို တောင်ကိုရီးယားက ကြာသပတေးနေ့က အတည်ပြုပါတယ်၊ ဒီဒုံးလက်နက်ဟာ အကွာအဝေး တခုအထိသွားနိုင်ပေမဲ့ အမေရိကန် ပြည်မကြီးကို ရောက်နိုင်မဲ့ပုံတော့ မရှိဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan Jin ကပြောပါတယ်၊

ဗုံးတန်ချိန် ၁ တန်ကျော်တင်ဆောင်နိုင်တဲ့ ပေ ၄၀ ကနေ ၆၂ ပေရှည်တဲ့ Musudan Rocket ဒုံးကျည်ဖြစ်ပုံရတယ်လို့ Seoul မြို့တော်က တာဝန်ရှိသူတွေကို ကိုးကားပြီး အစိုးရ အာဘော် ပါတဲ့ တောင်ကိုရီးယား သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ဒီ Rocket ဒုံးကျည်ဟာ Nuclear ထိပ်ဖူးတပ်နိုင်စွမ်းရှိပေမဲ့ အဲဒီလောက်အထိ မြောက်ကိုရီးယားအစိုးရမှာ လုပ်နိုင်စွမ်း မရှိဘူးလို့လဲ လေ့လာသူတွေက သုံးသပ်နေ ပါတယ်။  မြောက်ကိုရီးယား တို့ရဲ့ ခြိမ်းခြောက်မှု ကို Pantegon စစ်ဌာနချုပ်က အလေးအနက် ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကလဲ ပြောပါတယ်။

 Add caption