Thursday, 1 August 2013

ပေါင်းတည်မြို့ က ရှစ်လေးလုံး ဆန္ဒပြပွဲ (၁၀)


ပေါင်းတည်မြို့ က  ရှစ်လေးလုံး  ဆန္ဒပြပွဲ (၁၀)

(၈.၈.၈၈) နေ့   မနက်  ရုံးကို  ရောက်တဲ့  အခါထုံးစံအတိုင်း    စားပွဲ ပေါ်ရောက်နေတဲ့  အမှုတွဲတွေကို  ကြည့်လိုက်တော့ဒီနေ့   စီရင်ချက်ချရမဲ့   မူးယစ်ဆေးဝါးမှု  တခုပါနေတာကို  တွေ့ လိုက်ရတယ်..။မူးယစ်ဆေးဝါးမှု  က... ဆေးခြောက်မှုပါ..။ဒီ အမှုက  အပြစ်ပေးရမှာသေချာသလောက်  ဖြစ်နေပါတယ်..။တရားခံက  အမျိုးသမီးပါ..။ဒါကြောင့်  အမှုတွဲကို  သေသေချာချာပြန်ဖတ်ပါတယ်..။ဖတ်နေရင်းကလဲနေ့ လည် (၁၁)နာရီခွဲ  အထကရဲ့  ကျောင်းဆင်းချိန်ကို    စိတ်စော  နေမိပါတယ်..။
မကြာခင်မှာပဲ  နေ့လည်ကျောင်းဆင်းလို့  ပြန်လာတဲ့ ကျောင်းသားတွေရဲ့  ဘိုင်စကယ်ဘဲလ်သံတွေကို  ကြားရပါတယ်..။စားပွဲက  ထပြီး  အပြင်ထွက်ကြည့်လိုက်တော့ကျောင်းသားတွေရဲ့   ဘိုင်စကယ်တန်းကြီးကို မြင်ရပါတယ်..။နောက်နားဆီကို  ဆိုင်းငံ့ဆိုင်းငံ့ နဲ့ လှည့်ကြည့်ရင်း  လျှောက်လာနေတဲ့ ကျောင်းသား တချို့ ကိုလည်း  တွေ့ လိုက်ရပါတယ်..။စီစီ ညံညံ အသံတွေလည်းကြားရပါတယ်..။အဲဒီနောက်နားမှာ
တော့  သိပ်ညီညီညာညာ မရှိလှ ပေမဲ့    ကြွေးကြော်သံတွေ အော်လာတဲ့ ကျောင်းသားတစုကို  တွေ့ လိုက်ရပါတယ်..။
တချို့ က  မျက်မှန်အမည်းကြီးတွေတပ်ထားကြတယ်..။တချို့ ကတော့  ခေါင်းစွပ်တွေကို မျက်စိဖုံး လုနီးဆွဲစွပ်လာကြတယ်..။တချို့ ကတော့  ပုဝါနီကလေးတွေကို  နှာခေါင်းတ၀က်ကနေအောက်ပိုင်းအထိ   စည်းထားကြတယ်..။တချို့ကတော့  ဒီအတိုင်း  ဗလာမျက်နှာနဲ့ ပဲခပ်တင်းတင်း စာရွက်ကလေးတွေကြည့်ပြီး  ကြွေးကြော်သံတွေ  အော်လာကြတယ်..။
ကျောင်းသား  သတ်တာ...စစ် အစိုးရ
စစ်အစိုး ရ  ..အလိုမရှိ...။
တပါ တီ စနစ်....အလိုမရှိ..။
ကျောင်း သားအခွင့် အရေး..ချက်ချင်းပေး..။
ဖမ်း ထားတဲ့   ကျောင်းသားတွေ ...ပြန်လွှတ်ပေး..။  ဆိုတာမျိုးတွေ  ပါသလို..။ကျောင်းက  သူတို့မုန်းတဲ့   ဆရာတချို့  ရဲ့   အမည်တွေကို  အော်ပြီး..အလိုမရှိဆိုတာမျိုးတွေလည်း  ပါပါတယ်..။ကျောင်းသားတွေရဲ့   ဘေးမှာတော့  တချို့ ဆရာတွေက  ခိုက်ရန်မဖြစ်အောင် ထိန်းဖို့
လိုက်လာကြပါတယ်..။သမီး..ဆရာမကိုလည်း  ဘိုင်စကယ်တွန်းပြီး  မားမားကြီး ပါလာတာကို  တွေ့လိုက်ရတယ်..။သူတို့ဟာ  ရှစ်လေးလုံးနေ့ မှာဆန္ဒပြမယ်  ဆိုတာပဲ  ရှိပုံရပါတယ်..။အစီအစဉ်  စနစ်တကျ  ရှိမရှိ  မသိရပါ..။
တက္ကသိုလ်ပိတ်ထားလို့   နယ် ပြန်ရောက်နေတဲ့   ကျောင်းသားကျောင်းသူတွေ နဲ့    သူတို့မိတ်ဆွေ.လူငယ်တချို့ တွေကလည်း   ဒီနေ့  ဖြစ်မှဖြစ်ပါ့မလားလို့  ..ရန်ကုန်လမ်းထိပ်  နဲ့  မိုးမခဆိုင်  တ၀ိုက်  လောက်ကစောင့်ကြည့်နေကြပါတယ်..။
ကျနော်လည်း  ချက်ချင်းပဲ  ကြိုတင်ပိုင်းဖြတ်ထားတဲ့   အတိုင်း   ကောင်စီဥက္ကဌ  ဗိုလ်မှူးစိုးမြင့်  ရဲ့   ရုံးဘက်ကို  ပြေးသွားမိပါတယ်.။ကောင်စီရုံး ရှေ့ အပေါက်ဝမှာ   အခြားကောင်စီဝင်များ နဲ့  အတူ  ရပ်ကြည့် နေတဲ့ ကောင်စီဥက္ကဌ ကို  တွေ့ ပါတယ်..။ကျောင်းသားတွေကလည်း  ကောင်စီရုံးရှေ့ရောက်တဲ့  အခါ   တွန့်ဆုတ်တွန့်ဆုတ်   ဖြစ်တဲ့  သူတချို့  ရှိပေမယ့်..။အများစုကတော့  ပိုပြီးတော့တောင်  ကြွေးကြော်သံတွေကို  ကျယ်ကျယ်  အော်ကြပါတယ်..။အဲဒီ အထဲမှာ  စကောက်ဦးထုပ်အဟောင်းကြီးကို  မျက်လုံးပေါ်အထိ  ဖုံးအောင်  ဆောင်းထားပြီး  ကြွေးကြော်သံတွေ  အော်နေတဲ့ ကျောင်းသားကို     မြို့ နယ်.... ကောင်စီ အတွင်းရေးမှူး ကမှတ်မိသွားပါတယ်...။
“ ဟို..စကောက်ဦးထုပ်ကြီး  ဆောင်းထားတာ..ကိုဘဆွေကြီးသား..မင်းဆွေဇင်ပေါ့”
ကိုဘဆွေ ကြီး  ဆိုတာက  ပညာရေးမှူး ရုံးကစာရေးကြီးပါ..။ပြီးတော့  သူက  သူ့ရပ်ကွက်မှာ ရပ်ကွက်  ကောင်စီအတွင်းရေးမှူး လည်း လုပ်ပါတယ်..။ငယ်ငယ်တုန်းက  ကျနော်ရယ်..၊ကောင်စီဥက္ကဌရယ်၊ကိုဘဆွေကြီး  ရယ်က  ဆယ်တန်း အထိ  အတူတူ  တက်ခဲ့ ရတဲ့ ကျောင်းနေဘက်တွေပါ..။လူရင်းတွေပေါ့.။
ဘာလုပ်ရမလဲ  ဆိုတာ  ဇဝေဇ၀ါ ဖြစ်နေတဲ့  ကောင်စီဥက္ကဌ  က  ..ဗြုန်းခနဲကျောင်းသားအုပ်ထဲ ၀င်သွားပြီး..။
“  မင်း...ကိုဘဆွေကြီး  သား   ....မဟုတ်လား”  လို့ ပြောလည်းပြော..ဆွဲလည်း..ဆွဲ  လုပ်ပါတော့တယ်။ကျနော်က  ကောင်စီဥက္ကဌ  နောက်က  ကပ်လိုက်သွားပြီး  “ မလုပ်နဲ့..။ဒီလို..မလုပ်နဲ့ ..” လို့   ပြောပြီး   ကောင်စီဥက္ကဌ ကိုလိုက်ဆွဲပါတယ်..။ကိုဘဆွေသား  ကျောင်းသားလေးကလည်း  အတင်းရုန်းပြီး..“ ဘာဆိုင်လဲ..ဘာဆိုင်လဲ ” လို့  အော်ပြီး  ရုန်းတယ်..။ဒီအချိန်မှာရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်..။ကျောင်းသား အချင်းချင်း  ဆွဲ တဲ့ သူကဆွဲ..။ကောင်စီဥက္ကဌ ကို  တွန်းထုတ်သူကထုတ်..။
အနီးအနားမှာ  အဆင်သင့် စောင့်နေကြတဲ့   လူငယ်တချို့ ဆီကလည်း  .“ကျောင်းသားကို ထိရင်တော့  ချကွာ..ချကွာ” ဆိုတဲ့ အသံတွေ
ထွက်လာပါတယ်..။ကျနော်လည်း  လူအုပ်ထဲက  ကောင်စီဥက္ကဌကို  ဆွဲထုပ်လာခဲ့ တယ်..။သူကလည်း    တကယ့်တကယ်  အရေးကျတော့   သူ့လူအုပ်ထဲဝင်သွားချိန်မှာ  သူ့နောက်မှာကျနော်က လွဲပြီး  ဘယ်သူမှ ပါမလာတာကို  သိပြီး..ကိုယ်ရှိန်သတ်ပြီးပြန်လိုက်လာပါတယ်..။
ကျနော်လည်း  နောက်ဘက်လှည့်ပြီး  “သွားကြတော့ ” လို့ ယူဆချင်လည်း  ယူဆ..။ကျနော်ကိုယ်တိုင်လည်း  ဘယ်လိုသဘောနဲ့  လုပ်ခဲ့ တာလို့  အတိအကျမပြောနိုင်ဘူး..။လက်ပြ လွှတ်လိုက်ပါတယ်။
အဲဒီတော့မှ  ကျောင်းသားအုပ်ဟာ  ရန်ကုန်လမ်းအတိုင်း  ဈေးဘက်ကို ဆက်သွားတယ်..။မိုးမခရှေ့ က  မယောင်မလည် နဲ့  အခြေအနေစောင့်ကြည့်  နေတဲ့   လူအုပ်လည်းပါသွားကြတယ်..။ ကျနော်တို့ နောက်ကနေ  လှမ်းကြည့် နေတုန်းမှာပဲ(၅)လမ်းထိပ်နား  ရောက်တော့  လူတန်းကြီးက အတော်ရှည်နေပြီ။ရိုးရိုးကျောင်းဆင်းတဲ့ သူတန်းကလည်း  တဆက်တည်း လိုက်ပါသွားတဲ့   သဘောဖြစ်မယ်..။
ကောင်စီဥက္ကဌက  နောက်လှည့်ပြီး  ကောင်စီဝရံတာမှာရပ်နေတဲ့   ရဲတွေကို    ချက်ချင်းတန်းစီခိုင်း လိုက်ပါတယ်.။ပြီးတော့မှ   ပြည်သူ့ရဲ တပ်ဖွဲ့   မြို့ နယ်မှူးကိုလူစစ်ခိုင်း၊  လက်နက် စစ်ခိုင်းပြီး  ကျောင်းသားအုပ်  နောက်ကို  လိုက်ပါတော့တယ်..။ကျနော်လည်း  သူတို့ နောက်ကိုလိုက်ခဲ့ ပါတယ်....။  ကောင်စီ အတွင်းရေးမှူး  ကတော့   အသံချဲ့ စက်တပ်ထားတဲ့   ဂျစ်ကားပေါ်ကို  တက်လိုက်ပါ တယ်..။
ကျောင်းသား အုပ်က  ဈေးထောင့်က   အာဇာနည်ကျောက်တိုင်  ရှေ့မှာ  ရပ်လိုက်ကြပါတယ်.။လူအုပ်ကြီးကလည်း  အများကြီး ဖြစ်သွားပါပြီ..။ဘုရားငါးဆူက  သူငယ်ချင်းကိုသိန်းလှကိုလည်း  ဆိုင်တဆိုင်ရှေ့ မှာ  ကျောင်းသားတယောက်ကို  ကြွေးကြော်သံတွေ    အတိုင်အဖောက်လုပ်ပေးနေတာ တွေ့ လိုက်တယ်။
သူကလည်း  ဗဟိုနိုင်ငံရေး သိပံက နေဆင်းလာပြီး   မြို့ နယ်တောင်သူလယ်သမားအစည်းအရုံးမှာ လုပ်နေရင်း  ပါတီက သန့်စင်ခံလိုက်ရသူပါ..။သူ့မှာလည်း  တပည့်တပန်းတွေရှိမှာပေါ့..။ကျောင်းသားတွေကလည်းအဲဒီအချိန်မှာတော့  တယောက်တပေါက်စီ ဖြစ်နေတုံးပါ..။ဝီစီ မှုတ်သံတွေလည်းကြားရပါတယ်..။ဝီစီ မှုတ်တဲ့   နေရာကို  လူတွေက  စုသွားလိုက် နဲ့   ယောက်ယက်ခတ်နေပါတယ်..။
ကျနော် နဲ့  အတူ   မြို့ နယ်ပညာရေးမှူး  ဦးထွန်းလှိုင်လည်းပါလာပါတယ်..။အာဇာနည်ကျောက်တိုင်ရှေ့ က  ကျောင်းသားတွေ ကြားထဲ ကျနော်  ၀င်လိုက်ပါတယ်..။ကျောင်းသားလေးတွေရဲ့  မျက်နှာတွေဟာတင်းမာ နေပါတယ်..။ပုဝါနီကလေးတွေ   စည်းထားတဲ့   မျက်နှာပေါ်က  သူတို့မျက်လုံးကလေးတွေဟာပြောင်လက်  နေပါတယ်..။တကယ်ကို ဆုံးဖြတ်ချက် ချထားတဲ့ ပုံစံတွေပါဘဲ..။ဝီစီ မှုတ်လိုက်ပြီး  လူစုမိတဲ့ နေရာမှာ  အော်ပြီး ပြောနေကြတယ်..။တချို့   စကားလုံးတွေကလည်းပုဝါစည်းထားတာမို့   သိပ်မပီသပါ။ကျနော်တို့  မကျေနပ်လို့  ဆန္ဒပြနေတယ် ဆိုတာလောက်ကိုတော့  မှန်းဆလို့  ရပါတယ်..။
ကျောင်းသားတွေက  ကျနော့်ကို  ရှောင်ဖယ်  ဖယ်လုပ်ကြပါတယ်..။တချို့ ကျောင်းသားက...ခင်ဗျားတို့  ကောင်စီက  လူတွေ  မလာနဲ့ ..လို့    ခပ်တင်းတင်းပဲပြောပါတယ်..။ဟေ့..ဆရာကြီးကွ..။ဆရာကြီးကို  မပြောနဲ့ ..လို့   တားတဲ့ သူကလည်း  တားပါတယ်..။
နောက်ဘက်  ပြန်လှည့်ကြည့်လိုက်တော့   ကောင်စီဥက္ကဌဗိုလ်မှူး စိုးမြင့်၊မြို့ နယ်ရဲတပ်ဖွဲ့ မှူးဦးလှစိုး တို့နဲ့   လက်နက်ကိုင်  ရဲတပ်သား(၂၀)လောက်ဟာ  ဘုရားကြီးရှေ့ ကပါကစ္စတန်ထမင်း ဆိုင်ရှေ့ မှာ  ကျောင်းသားတွေဘက်ကို  လှည့်ပြီး  စီတန်း ရပ်နေ တာကို  တွေ့လိုက်ရပါတယ်..။အသံချဲ့ စက် တပ်ထားတဲ့  ဂျစ်ကားပေါ်မှာ  ကောင်စီ အတွင်းရေးမှူး  ဦးမောင်မောင်ချစ်ကိုလည်း တွေ့ လိုက်ရပါတယ်..။အဲဒီအချိန်မှာ  သတ္တု အချင်းချင်း  ပွတ်တိုက်သံ ကြားလိုက် လို့  သေနတ်ကျီထိုးတယ်  ထင်တာကြောင့်..ကောင်စီ ဥက္ကဌ ဆီကို  ကပျာကသီ ပြေးသွားရတယ်..။
“ ဟေ့..ကိုစိုးမြင့်..။အရမ်း လျှောက်  မလုပ်နဲ့  ဦး..။ကျနော်ထိန်းကြည့် ဦးမယ်..။ကျနော့်ကို  အချိန်နဲ နဲ..ပေးပါ”        ....လို့ ပြောလိုက်ပါတယ်..။
ကောင်စီဥက္ကဌက “ အချိန်  ဘယ်လောက် စောင့်ရမလဲ”    “ နာရီ ၀က်..ပေါ့ဗျာ” လို့   ကျနော်က ပြောတော့ကောင်စီ ဥက္ကဌ က  “ နာရီ ၀က်  မပေးနိုင်ဘူ..။၁၅ မိနစ် ဘဲ”လို့  ပြန်ပြောပါတယ်..။
ဘာပဲ ဖြစ်ဖြစ်  သူ့ကို  ခနတော့  ထိန်းလိုက်နိုင်ပါပြီ..။နောက်ပြီး..သူ့ကို ခွင့်တောင်းပြီး..လူအုပ်ထဲဝင်သွားတဲ့ ဟာမို့  သူလူအုပ်ထဲကို  ပစ်ချင်ရင်တောင်မှ  ကျနော့်ကိုတော့အရင်လာဆွဲထုတ်ရမဲ့  သဘော(တာဝန်) သူ့မှာ  ရှိနေပါပြီ..။
ကျောင်းသားတွေ ဆီကို   ကျနော်  ခပ်သွက်သွက်ပြန်ဝင်လာခဲ့ တယ်..။       ကျနော်နဲ့ ကောင်စီ ဥက္ကဌ   အပြန်အလှန်  ပြောဆိုနေတာတွေ ကိုလည်း   သူတို့ အနီးအနားကကြားကြမှာပါ..။ကျနော့်နောက်က  ပါတီယူနစ်ကော်မတီဝင်  လူငယ်စည်းရုံးရေး ကော်မတီဝင်ဦးကြည်မောင်လဲ  ပါလာပါတယ်..။လူအုပ်ထဲက  သူငယ်ချင်း ကိုသိန်းလှကြီးက  “ သူငယ်ချင်း..ငါရှိတယ်”  လို့ ပြောပါတယ်..။ဦးကြည်မောင်ကလဲသူနဲ့  မျက်မှန်း တမ်း မိတဲ့   လူငယ်တွေကို  ပြောနေပါတယ်..။သူ..ဘာတွေပြောတယ်ဆိုတာတော့  ကျနော်မသိပါ..၊ကျနော်ကတော့  ကျောင်းသားတွေကို    တနေရာတည်း  စုပြီး  ပစ်ကွင်းအဖြစ်မခံနဲ့ ..။နေရာရွှေ့ လို့ပြောပါတယ်..။
ဒီ အချိန်မှာပဲ  အနားမှာ ရှိတဲ့   ဆိုင်တဆိုင်ကစားပွဲ တလုံးကို  သယ်လာပြီး  လူအုပ်ကြားထဲကို ချလိုက်ပါတယ်..။ကျောင်းသား တယောက်က  စားပွဲ ပေါ်တက်လိုက်တယ်..။သူ့လက်ထဲမှာလည်း  စာရွက်တရွက် ပါလာတယ်..။သူက  စာရွက်ကို ကြည့်ပြီး ဖတ်တော့   သူတို့ ကျောင်းက
ဆရာတွေကို  တဦးချင်း နံမယ်ပြောင်  ပေးထားတဲ့  စာရွက် ဖြစ်နေပါတယ်..။
“ ကျနော်တို့ ကျောင်းက  ဆရာ  ဦး.....ကိုတော့  အိုပီလာမော့   လို့   ခေါ်ပါတယ်”
ကျနော်က  အနားကပ်သွားပြီး  သူ့ကို  ဆွဲချလိုက်ပါတယ်..။မင်းတို့ဒီအချိန်မှာ ဒါမျိုးတွေ မပြောရဘူးကွ..လို့ ဆိုတော့  အဲဒီကျောင်းသားက  ကျနော့်ကို  ရန်လိုတဲ့  အကြည့်နဲ့ ကြည့်ပါတယ်..။ဒီအချိန်မှာပဲတခြားကျောင်းသား တယောက်က   “ဆရာကြီးပြောတာ..ဟုတ်တယ်..” လို့ ပြောပြီးစားပွဲ ပေါ်ကို တက်သွားပါတယ်..။သူက  “ ၇န်ကုန်မှာ  ကျနော်တို့  ကျောင်းသားတွေကို  ရန်သူလိုသဘောထားပြီး ..သတ်နေပါတယ်
ကျောင်းသားတွေကို  ဖမ်းပြီး နှိပ်စက်  နေပါတယ်..။ဒါကို  အမြန်လွှတ်ပေးဖို့  ကျနော်တို့  တောင်းဆိုပါတယ်..”လို့   ပြောပြီး  ဘုရားကြီး  ရှေ့ က  ရဲတွေဘက် ကို  လှည့်ပြီး..“ ဒီမှာ...ခင်ဗျားတို့လည်း   ကျနော်တို့ ကျောင်းသားတွေကိုပစ်ဦးမှာလား..။ပစ်လိုက် စမ်းပါ”  ဆိုပြီး  ရင်ကော့ပြလိုက်  ပါတယ်..။နောက်  တယောက်ကလည်း  စားပွဲပေါ် တက်လာပါတယ်..။
“ ခင်ဗျား တို့   ...ပစ်ရဲရင်  ပစ်လိုက်စမ်းပါ” လို့   ပြောပါတယ်..စားပွဲပေါ်မှာ တင်  လူသုံးယောက် ဖြစ်သွားပါတယ်..။
ဒီ အချိန်မှာပဲ  ကောင်စီ အတွင်းရေးမှူး ရဲ့   ဂျစ် ကားက   ဘုရားကြီး ဘက်ကို  နောက်ဆုတ်ပြီးတောင်ဘက်ကို  ဦးပြန်လှည့်လိုက်ပါတယ်..။အဲဒီကားရဲ့   ရှေ့ မှန်ကနေရောင်ကြောင့်လား..တော့ မသိ.။အာဇာနည်  ကျောက်တိုင်ရဲ့   နောက်ဘက်   အဆောက်အဦရဲ့   အပေါ်ထပ်  ရွှေမန်းကြည်ဓါတ်ပုံတိုက်  ဆီကမှာအလင်းရောင် တချက်  ၀င်းခနဲ  လက်သွားပါတယ်..။
“ ဟေ့....ဓါတ်ပုံရိုက်တယ်ဟေ့..။ဓါတ်ပုံ ဆိုင်ကို ..ချကွာ”   ဆိုတဲ့  အသံတွေ ထွက်လာပြီး..ဓါတ်ပုံဆိုင်ဆီကို  လူအုပ်ကြီးက ပြိုဆင်းသွားပါတယ်..။အဲဒီအချိန်မှာပဲ  အတွင်းရေးမှူးရဲ့ ဂျစ်ကားဆီက  အသံချဲ့ စက်သံ ထွက်လာပါတယ်..။
“ မဆိုင်သူတွေ..။ကိုယ့်သွားစရာ ရှိတာ  ဆက်သွားကြပါ..။ရပ်ကြည့် မနေပါနဲ့ ”ဆိုတဲ့   သဘောမျိုး  ပြောပါတယ်..။စကားလုံး အတိအကျ တော့  မမှတ်မိတော့ပါ..။
ရွှေမန်းကြည်  ဓါတ်ပုံတိုက် ရဲ့   အပေါ်ထပ်ကိုတက်သွားသူတွေထဲ မှာ  ပါတီယူနစ်ကော်မတီကလူငယ်တာဝန်ခံ ဦးကြည်မောင်  က  ရှေ့ ဆုံးကပါ..။သူကလျှင်ပါတယ်..။ရွှေမန်းကြည်  ဓါတ်ပုံတိုက် ပိုင်ရှင်ဦးမြင့်ဇင်  ဆီကနေ  ဖလင် တလိပ်  တောင်းလိုက်ပြီး..။နောက်က  တက်လာတဲ့ ကျောင်းသားတွေဘက်ကိုလှည့်လိုက်ပါတယ်..။
“ ဒီမှာ..ဖလင်..ဆွဲထုတ်ခဲ့ ပြီ ”  ဆိုပြီး  ဖလင်လိပ်ကို  ဖြန့်ချပြလိုက် ပါတယ်..။ဖလင်ကို ကျောင်းသားတွေဆီကို  လက်ဆင့် ကမ်းလိုက်ပါတယ်..။ဖလင်ပြားကြီး ကိုင်ထားတဲ့  ကျောင်းသားက“ဒီ မှာ..ဖလင်ရခဲ့ ပြီဟေ့..။ပြန်ဆင်း.ပြန်ဆင်း”  ဆိုလို့    အားလုံး ပြန်ဆင်းလာကြပါတယ်..။                ဒီအချိန်မှာ  အတွင်းရေးမှူး  ကားက  တောင်ဘက်ကို  ၀ူးခနဲထွက်သွားပါတယ်..။ဗိုလ်မှူးစိုးမြင့်ကလည်း   လူအုပ် နဲ့  ရဲအင်အား  မမျှလို့လား..။ပစ်မိန့် ပေးရင်တိုင်းကောင်စီ ဥက္ကဌ ဆီ  အသိပေးရမယ်..ဆိုတာ  အမှတ်ရလို့ လား..။ဒါမှ မဟုတ်   လူအုပ်ထဲမှာ  ကျနော်(တရားသူကြီးအဖွဲ့ဝင်) နဲ့   ပါတီယူနစ်ကော်မတီဝင်  ဦးကြည်မောင်  ရှိနေလို့  ပစ်လို့ မဖြစ်ဘူးဆိုတာသဘောပေါက်လို့လား..။ဘာကြောင့်လဲ  ဆိုတာတော့သူမှပဲ  သိပါမယ်..။ရဲတပ်ဖွဲ့ဝင်တွေကို  ကောင်စီရုံးဘက်  ပြန်ခေါ် သွားပါတယ်..။
အသံချဲ့ စက်ကားက  ရှေ့ ကအော်..။ရဲနဲ့  ကောင်စီဥက္ကဌ တို့ကနောက်က  လိုက်သွားတာကို မြင်လိုက်တော့   ဘယ်သူက  ဘယ်လိုစလိုက်တယ်..မသိပါ..။ကျောင်းသားနှစ်ယောက်..ဖမ်းသွားတယ်..ဆိုတဲ့ သတင်းက  လူအုပ်ထဲကို  ချက်ချင်း ပျံ့ သွားပြန်ပါတယ်..။လူအုပ်ကလည်း  အထကကျောင်းသားလေးတွေ  ချည်း မဟုတ်တော့ပဲ..တက္ကသိုလ်ပြန် ကျောင်းသားလေးတွေ နဲ့မြို့ က   လူငယ်တွေပါ  ပါလာပါပြီ..။တချို့ က   ကောင်စီ ရုံးဘက်  ကိုပြေးလိုက်မယ်  လုပ်တယ်..။ကျနော်ကအနားက  ၀ီစီကိုင် ထားတဲ့  ကျောင်းသားတယောက်ကို  ၀ီစီမှုတ်ခိုင်းပြီး  လူပြန်စုစေလိုက်တယ်..။အဲဒီအချိန်မှာကောင်စီရုံးဘက်ကို  ပြေးကြ လွှားကြ..။လူအုပ်ကြီးဟာ   ယောက်ယက် ခတ်နေကြတယ်..။အများစုကတော့ကျောင်းသားဖမ်းသွားတယ်..ဆိုတဲ့ သတင်းကြော င့်  ကောင်စီနဲ့  ရဲဌာနဘက်ဆီကို  ဦးတည်ပြီးစုဝေးချီတက်ကြတယ်..။အော်သံ  ဟစ်သံတွေကကျယ်လောင် လာသလို..။ဒေါသနဲ့  ရိုင်းပျတဲ့   ဆဲဆိုသံတွေ..။ချကွာ..ဆိုတဲ့ အသံတွေ  ပါလာပါတယ်..။
ကျနော်လည်း   ကောင်စီ ရုံးဘက်  တခါပြေးရပြန်တယ်..။ဒီလို အချိန်မျိုးမှာ  တပည့်တဦးက“ ဆရာကြီး သမီး   နီနီမာကြီးရယ်  ဆန္ဒပြတဲ့   ဆိုင်းဘုတ်တွေ  ၀င်ရေးနေတယ်” လို့  မျက်နှာလို  အားရ လာတိုင် ပါတယ်..။သူကြိုက်တာ ..သူလုပ်တာ..။လုပ်ပစေ..ကွာ” လို့ ပြန်ပြောလိုက်မှ  ကုပ်ချောင်းချောင်းနဲ့  ထွက်သွားတယ်..။ကောင်စီ ရုံးရှေ့နားရောက်တော့  သစ်သား ဘုတ်ပြား..လား.။စားပွဲ မျက်နှာပြင် လား.. မသိတဲ့ တခုပေါ်မှာ  “ ငြိမ်းချမ်းစွာဖြင့်  ဆန္ဒပြ ကြပါ” လို့ စာလုံးသော့သော့ကြီးတွေကို  မြေဖြူနဲ့  ရေးပြီးထောင်ကိုင်ထားတဲ့  ကျောင်းသားအုပ်ကို  တွေ့ လိုက်ရပါတယ်..။သမီးကိုလည်းအဲဒီအနားမှာ  ရပ်နေတာတွေ့လိုက်ရတယ်..။
ဒီ အချိန်မှာ   လူအများ မြင်သာလောက်တဲ့   စာလုံးအရွယ်နဲ့  ရေးထားတဲ့   “ ငြိမ်းချမ်းစွာ  ဆန္ဒပြကြပါ..” ဆိုတဲ့   စာလုံး ရှစ်လုံးဟာ    သိပ်တာ သွားပါတယ်..။
ကျနော်  ကောင်စီ ရုံးထဲကို  ၀င်လိုက်တယ်..။မြို့ နယ်ရဲတပ်ဖွဲ့မှူး ဦးလှစိုးက  သူတို့ ကျောင်းသားတဦးမှ  မဖမ်းထားကြောင်း  ပြောပြပါတယ်..။ကျနော်က  တရားရုံးဘက်  အပေါက်ကပြန်ထွက်ပြီး  ကျောင်းသားအုပ်ကို  ရင်ဆိုင်ပါတယ်..။ ကျောင်းသားဖမ်းတယ်  ဆိုတာမဟုတ်ကြောင်းပြောပြပြီး  ..။ဒီလို တနေရာတည်းမှာ  စုမနေနဲ့ ..။နေရာရွှေ့ ပြီး  ဆန္ဒပြကြဖို့ပြောလိုက်ပါတယ်..။ကျောင်းသားနဲ့ လူအုပ်ကြီးဟာ  ၀ီစီသံတရွှီရွှီ နဲ့   မြို့  အနောက်ဘက်  ပါတီယူနစ်ရုံးဘက်ကိုဆက်ချီတက်သွားကြတယ်..။ပါတီယူနစ်ရုံး ရှေ့ မှာတော့  တံခါး ပိတ်ထားပြီး..။ပါတီဥက္ကဌ နဲ့   ယူနစ်ကော်မတီဝင်တွေကရုံးရှေ့ ကနေ  ထွက်ကြည့်နေကြတယ်..။ကျနော်လည်း လူအုပ်ကို  ဖျက်ဆီးတာ ..မီးရှို့ တာမျိုး  တွေမဖြစ်အောင်  လိုက်ထိန်းပါတယ်..။အခုတော့  ဆန္ဒပြ  လူအုပ်ကြီးက  ကျနော့်ကို  ကောင်းကောင်း  လက်ခံ သွားပါပြီ..။
ပါတီယူနစ်  ဥက္ကဌ ၊အတွင်းရေးမှူး နဲ့   ကော်မတီဝင်တွေဟာရုံးရှေ့ ဘက်မှာ  ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို  ခပ်တည်တည်  ရပ်ကြည့်နေပါတယ်..။ဦးကြည်မောင်က  ဥက္ကဌ ဆီသွားပြီး..သူနဲ့  ကျနော်တို့ဆန္ဒပြ ကျောင်းသားတွေကို   အကြမ်းဖက်တာတွေ  မဖြစ်အောင်  ၀ိုင်းထိန်း နေတဲ့ အကြောင်း  ပြောပြတယ်။
ပါတီ ဥက္ကဌ က ...” “ဒီပုံစံကို...ထိန်းနိုင်တယ်..ခေါ်သလား” လို့ ပြန်မေးတယ်..။ကျနော်က “ဟုတ်တာပေါ့..။လမ်းမှာ  ဘာတခုမှ  မဖျက်ဆီးခဲ့ ဘူး..။အခုလည်း  ရုံးရှေ့ မှာ  အော်နေတာပဲရှိတယ်..။ခဲနဲ့ ထုတာတွေ ဘာတွေ  မရှိဘူး..။လူနံမယ် အော်ဆဲတာမျိုး တောင်မရှိဘူး..။ဒါမျိုးကို အခြေအနေ  ထိန်းနိုင်တယ်လို့ ..သဘော ထားရမှာပေါ့ ဗျ” ...လို့   ခပ် ငေါ့ ငေါ့  လေးပြန်ပြောလိုက်တယ်..။ဒီတော့  သူက..”ကောင်းပါတယ်..။
ခင်ဗျား လုပ်တာ    ကောင်းပါတယ်..”  လို့   မျက်နှာမကြည်မသာနဲ့ ခပ်ငေါ့ငေါ့ ပဲ  ပြန်ပြောပါတယ်.။သူ့မျက်နှာပေးကတော့  ကြည်ပုံမရပါ..။မိုက်တိုက်တိုက် ပုံစံမျိုးနဲ့   ပေါ့..။
ကျောင်းသား  အုပ်ကလည်း  ကြွေးကြော်သံတွေ   အတော် ညီညီအော်လာနိုင်ကြပြီ..။ကျနော်နဲ့ ပါတီဥက္ကဌ  ပြောနေသံတွေကို  ကြားတော့  သူတို့  အော်သံဟာပိုကျယ်လာသလိုလို..။ဒေါသ စွက်  လာသလိုလို..။စိတ်ထဲမှာ  ခံစားမိလို့   ကျောင်းသားအုပ်ဘက်ကိုပြန်လှည့်လာပြီး..ကျောင်းသားထဲက  ခေါင်းဆောင်ဖြစ်မဲ့ သူကို  ရှာကြည့်ပါတယ်..။လုပ်သာနေရတယ်..။အခုထိ  မျက်မှန်းတမ်းမိတဲ့ သူတွေကို  မတွေ့ ရသေးဘူးသမီးတွေ  တူတူမတွေ နဲ့   သူတို့ အပေါင်းအသင်းတွေကလည်း   ကျနော့်ကိုတမင်ရှောင်နေကြတာ လား မသိပါ..။ခနနေတော့  ညနေတိုင်း  ကျနော်တို့တင်းနစ်ကွင်းမှာ  လာလာပြီး  အမှတ်ခေါ်ပေးလုပ်ပေးတဲ့  ဘုရားကြီးလမ်းကမောင်တင်ဦးကို   လှမ်းမြင်တယ်..။
ဒါနဲ့   သူ့ကို  လှမ်းခေါ်ပြီး..။   ...””ဒီလိုကြာကြာ    တနေရာထဲမှာ       ရပ်နေရင်  မလိုလား အပ်တာတွေ  ဖြစ်ကုန်မယ်..။ထပ်ပြီး  နေရာရွှေ့ ကြဦး ”  လို့ ပြောတော့..။သူတို့ကပဲ..” ကျနော်တို့ ..မြို့ ပတ်လှည့် ရင်  မကောင်းဘူးလား” လို့   ပြောတယ်..။အဲဒီလို ပြောနေတုံး အနားမှာလည်း  လူတွေက တော်တော်များများ  စုမိလာပြန်ပြီမို့..။”အေး..ကောင်းသားပဲ..။ကြွေးကြော်သံတွေကိုသာ  နဲနဲ ကြည့်ထိန်းပေး ။သိပ်ပြီးတော့  ကြမ်းကြမ်းတမ်းတမ်း   မဖြစ်စေနဲ့ ”  ဆိုတော့   သူတို့အချင်းချင်း  နဲနဲ ညှိနှိုင်းကြပြီး..မကြာခင်ပဲတယောက်ကို  တယောက်  လှမ်းခေါ်ကြ..။စုကြလုပ်ပြီး..။တဖြေးဖြေး...လူတန်းကြီး  ဖြစ်သွားပါတယ်..။
ရွှေတောင်လမ်း အတိုင်း  မြောက်ဘက်ကို ကြွေးကြော်သံတွေ တိုင်ပြီးချီတက်သွားကြပါတယ်..။ဈေးနားက  လူတွေလည်း  နောက်ကနေ  အမီပြေးလိုက်သွားကြတယ်..။
တာပွန်လမ်းကို  ရောက်တော့  လူတန်းကြီးက  တော်တော်စနစ်တကျ ဖြစ်နေပါပြီ..။ဒါနဲ့ ..ကျနော်လဲ  ရုံးဘက်ကို  ပြန်လှည့် ခဲ့ ပါတယ်..။ဈေးရှေ့ ရောက်တော့  လူစုစုမြင်တဲ့   ကိုသန်းထွန်းလျှပ်စစ်ပစ္စည်း ဆိုင်မှာ  ခန၀င်ထိုင်  ပါတယ်..။ကိုသန်းထွန်းက  ရှေ့ မှာ ရှိတဲ့ မြင့်ကဖီး  ကနေ  လက်ဘက်ရည် လှမ်းမှာလို့   လက်ဘက်ရည် သောက်ရပါတယ်..။ဒီတော့မှ  လူဟာ  စိတ်မောလူမောဖြစ်နေတာကို  သတိပြုမိပါတော့တယ်..။     ။
By .........   http://moemaka.blogspot.com/

Thursday, 6 June 2013

Price-tag-lyrics-jessie-j.html

Seems like everybody's got a price I wonder how they sleep at night When the sale comes first and the truth comes second Just stop for a minute and smile
Why is everybody so serious? Acting so damn mysterious You got your shades on your eyes and your heels so high That you can't even have a good time
Everybody look to their left Everybody look to their right Can you feel that? Yeah We'll pay them with love tonight
It's not about the money, money, money We don't need your money, money, money We just wanna make the world dance Forget about the price tag
Ain't about the cha-ching, cha-ching Ain't about the ba-bling, ba-bling Wanna make the world dance Forget about the price tag
We need to take it back in time When music made us all unite And it wasn't low blows and video hoes Am I the only one gettin' tired?
Why is everybody so obsessed? Money can't buy us happiness Can we all slow down and enjoy right now Guarantee we'll be feelin' alright
Everybody look to their left Everybody look to their right Can you feel that? Yeah We'll pay them with love tonight
It's not about the money, money, money We don't need your money, money, money We just wanna make the world dance Forget about the price tag [ From: http://www.metrolyrics.com/price-tag-lyrics-jessie-j.html ]
Ain't about the cha-ching, cha-ching Ain't about the ba-bling, ba-bling Wanna make the world dance Forget about the price tag
Yeah, yeah, well, keep the price tag and take the cash back Just give me six strings and a half stack And you can keep the cars, leave me the garage And all I, yes, all I need are keys and guitars
And guess what, in 30 seconds I'm leaving to Mars Yes, we leaving across these undefeatable odds It's like this man, you can't put a price on life We do this for the love, so we fight and sacrifice every night
So we ain't gon' stumble and fall, never Waiting to see, a sign of defeat, uh uh So we gon' keep everyone moving their feet So bring back the beat and then everybody sing, it's not about
It's not about the money, money, money We don't need your money, money, money We just wanna make the world dance Forget about the price tag
Ain't about the cha-ching, cha-ching Ain't about the ba-bling, ba-bling Wanna make the world dance Forget about the price tag
It's not about the money, money, money We don't need your money, money, money We just wanna make the world dance Forget about the price tag
Ain't about the cha-ching, cha-ching Ain't about the ba-bling, ba-bling Wanna make the world dance Forget about the price tag
Yeah, yeah Oh, forget about the price tag

Tuesday, 4 June 2013

What is.....WiFi.........?

ယခုခေတ်တွင် Wifi ဟုဆိုလိုက်သည်နှင့် Wireless နည်းပညာကို အသုံးပြု၍ အင်တာနက် အသုံးပြုနိုင်တဲ့ နည်းပညာလို့  အားလုံးသိနေကြပြီဖြစ်ပါတယ်။ Wifi ကိုကျနော်တို့  ယခုဆိုလျှင် ကျယ်ကျယ် ပြန့်  ပြန့်  ကိုအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ YKKO ကဲ့သို့  ကြေးအိုးဆိုင်မျိုးဆိုလျှင် သူတို့  ဆိုင်များတွင် Wifi ကို လာရောက်စားသုံးသူများအတွက် Free ပေး၍စွဲဆောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် Wifiကိုကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတာကို တွေ့  မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိနေသော Wifi တွင် Standard အမျိုးမျိုး ရှိနေသည်ဆိုတာကိုတော့ တော်ယုံတန်ယုံ သတိပြုမိ ကြမည်မထင်။ ယခုအခါကျနော်တို့  အနေနဲ့  Mobile ဖုန်းများ၊Laptop များ၊ Router များဝယ်ယူသည် ဆိုလျှင်  Wifi Specs ကိုကြည့်လိုက်မည်ဆိုလျှင် 802.11 a/b/g/n စသည်ဖြင့် တွေ့ မိကြမည်ထင်ပါတယ်။ အဲဒီ 802.11 a/b/g/n ဆိုတာတွေကဘာတွေတုန်း? ဒါ့ကြောင့် ဒီဆောင်းပါးတွင်တော့ အဲဒီ 802.11 a/b/g/n တွေအကြောင်းကို ကျနော် အကျဉ်းချုံး၍ အနည်းအငယ်မျှ ရှင်းပြလိုပါတယ်။


802.11 - ၁၉၉၇ခုနှစ်တွင် Institute of Electrical and Electronics Engineers (IEEE) မှနေ၍ ပထမဆုံး Wireless Local Area
Network (WLAN) Standard ကိုစတင်တီထွင်ခဲ့ကြပါတယ်။ သူတို့ ကအဲဒီ Standard ကို 802.11 ဆိုပြီး နာမည်ပေးခဲ့ကြပါတယ်။
သို့ သော် 802.11 သည် Network Bandwidth ကို 2 Mbps အထိသာ အများဆုံး Support လုပ်နိုင်ပါတယ်။ ထို့ ကြောင့် တော်ရုံ
တန်ရုံ Application များအတွက်တော့ 2 Mbps သည် အဆင်မပြေချေ။

802.11b – IEEE မှနေ၍ ၁၉၉၉ ခုနှစ် ဇူလိုင်လတွင်တော့ နဂိုရှိပြီး ဖြစ်သော 802.11 Standard ကိုနောက်တစ်မျိုးထပ်တိုး၍
802.11b Standard ဆိုပြီးတီထွင်ခဲ့ကြပါတယ်။ 802.11b တွင်တော့ Bandwidth သည် 11 Mbps အထိ Support ပေးနိုင်ပါတယ်။
ထို့ အပြင် အကွာအဝေးအားဖြင့် ပေ၁၅၀ အထိသွားနိုင်ပါတယ်။ 802.11b တွင် 2.4GHz Radio Frequency ကိုအသုံးပြုထားပါ
တယ်။ 802.11b သည် Microwave Ovens, Cordless Phones များနှင့် အခြား 2.4GHz Frequency ကိုအသုံးပြုထားသော
ပစ္စည်းများနှင့်ဆိုလျှင် Frequency ခြင်း အနှောက်အယှက်များ ဖြစ်နိုင်ပါတယ်။

802.11a – IEEE မှနေ၍ ၁၉၉၉ခုနှစ် အောက်တိုဘာလ တွင်တော့ 802.11a Standard ကိုတီထွင်ခဲ့ကြပါတယ်။ 802.11a သည်
802.11b လောက် ကျယ်ကျယ်ပြန့် ပြန့် နှင့် လူသုံးမများချေ။ 802.11a သည် အကုန်အကျ ပိုများသောကြောင့် များသောအားဖြင
့် စီးပွားရေးနှင့် သက်ဆိုင်သော Network များတွင်သာ အသုံးများပြီး 802.11b ကတော့ အိမ်သုံး Network များတွင်ပိုအသုံးများ
ပါတယ်။ 802.11a တွင်တော့ Bandwidth သည် 54 Mbps အထိ Support ပေးနိုင်ပါတယ်။ 802.11a သည် 802.11b ထက်
Bandwidth ကို ပိုမို၍ Support ပေးနိုင်သော်လည်း အကွာအဝေး အားဖြင့်တော့ ပေ၁၀၀ အထိသာ အသုံးပြုနိုင်ပါတယ်။
အဘယ်ကြောင့်ဆိုသော် 802.11a တွင် Radio Frequency သည် 5GHz ၀န်းကျင်ကိုအသုံးပြုထားသောကြောင့် ဖြစ်ပါတယ်။
Frequency ပိုများတာကို အသုံးပြုထားသောကြောင့် အကွာအဝေး လျှော့နည်းသွား ခြင်းဖြစ်ပါတယ်။

802.11g – 802.11g ကတော့ ယခုအချိန်တွင် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Standard တစ်ခုဖြစ်နေပါပြီ။ 802.11g ကိုတော့
၂၀၀၂ခုနှစ် ၀န်းကျင်တွင် စတင်တီထွင်ခဲ့တယ်လို့  သိရပါတယ်။ 802.11g တွင်တော့ 802.11a နဲ့  802.11b တို့ ရဲ့ ကောင်းသော
အချက်များကို စုပေါင်းပြီးတီထွင်လိုက်တာ ဖြစ်ပါတယ်။ 802.11g တွင် Badwidth သည် 54Mbps အထိ Support ပေးနိုင်ပြီး
Radio Frequency ကိုလည်း 2.4GHz သာအသုံးပြုထားသောကြောင့် အကွာအဝေးကို ပေ၁၅၀အထိ အသုံးပြုနိုင်ပါတယ်။

802.11n – နောက်ဆုံးတစ်ခုဖြစ်တဲ့ 802.11n ကတော့ IEEE ရဲ့ နောက်ဆုံး Standard တစ်ခုဖြစ်ပြီးတော့ 802.11n ကိုတော့
၂၀၀၉ ခုနှစ်တွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 802.11n တွင် MIMO (Multiple Input, Multiple Output)
technology ကိုအသုံးပြုထားပြီး MIMO ဆိုတာကတော့ Wireless Signals နှင့် Antenna အများအပြားကို အသုံးပြုထားတာ
ဖြစ်ပါတယ်။ MIMO ကိုအသုံးပြုထားတဲ့အတွက်ကြောင့် 802.11n တွင် Bandwidth နှင့် အကွာအဝေးသည် ယခင် ရှိပြီးဖြစ်သော
802.11a, 802.11b နှင့် 802.11g တို့ ထက်ပိုမို၍ သာလွန်ကောင်းမွန်ပါတယ်။ သီအိုရီ သဘောအရ 802.11n သည် 300 Mbps
အထိ Bandwidth ကို Support လုပ်ပေးနိုင်ပြီး အကွာအဝေးအားဖြင့် ပေ၂၃၀ အထိသွားနိုင်ကြောင်း သိရပါတယ်။

ကျနော်ယခုဖော်ပြခဲ့သော Standard ၄ခုမှာ Wifi Standard များထဲတွင်တော့ အသုံးအများဆုံးနှင့် အထင်ရှားဆုံး Standard
၎ခုဖြစ်ပါတယ်။ အခြား 802.11 Standard များစွာလည်းရှိပါသေးတယ်။ 802.11a မှ 802.11y (802.11o နှင့် 802.11q မပါ) အထ
ိ ဆို၍ ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ 802.11 a/b/g/n တို့ အကြောင်း
မဟုတ်တောင် ယေဘုယျ
သဘောလောက်တော့ သိရှိနားလည်နိုင်ပြီလို့  ထင်ပါတယ်။

ဒီပို့လေးကို စာချွန်တော်လွှာ ဆီကနေ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။

Monday, 6 May 2013

အရာ ရာ တိုင်း ကို မပိုင် ဆိုင် ချင်ပေ မယ့် အရာရာ တိုင်း ကို ခံ စား မိ တယ်....

Thursday, 11 April 2013


အဆိုအမိန့်

A friend is present you give yourself.
မိတ်ဆွေသူငယ်ချင်း ဆိုသည်မှာ သင့်ကိုယ်သင် ချီးမြှင့်သော လက်ဆောင်ဖြစ်သည်။
Do not save your loving speeches
For your friends till they are dead.
Do not write them on their tombstones,
Speak them rather now instead.
သင်၏ နှစ်သက်ဖွယ် စကားများကို
သူငယ်ချင်းများ ကွယ်လွန်ပြီးပါမှ ဖွင့်ဟမပြောပါနှင့်။
သူတို့ အုတ်ဂူကျောက်ပြားပေါ်လည်း ကမ္ဗည်းမထိုးနှင့်။
ခုအချိန်တွင် ဖွင့်ဟပြောချလိုက်ပါ။
A mother's love never ages.
( American Proverb)
အမေ့မေတ္တာ အိုသည်မရှိ။
He is the happiest, be he king or peasant, who find peace in his home.
ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ မိမိအိမ်တွင်း၌ ငြိမ်းချမ်းမှုရှိသောသူသည် အပျော်ဆုံးလူ ဖြစ်၏။
(မိုးမြင့်မောင်၏ ဒဿနပန်းခင်း မှ )

Wednesday, 10 April 2013

သူ..

He whispered , " My love , raise your eyes."
I sharply child him and said " Go! " ,
But He did not sir .
အချစ်ရေ . . . မျက်လုံးလေးဖွင့်ပြီး မော့ကြည့်စမ်းပါဦးကွယ် လို့
သူက လေသံတိုးတိုးလေးနဲ့ ပြောခဲ့တယ် ။
ကျွန်မအသံ ခပ်မာမာနဲ့ " ထွက်သွား " လို့ ပြောလိုက်ပေမယ့်
သူမလှုပ်ပါဘူး ။
He stood before me and held both my hands.
I said , " Leave me ! "
But he did not go.
သူ ကျွန်မရှေ့မှာလာရပ်ပြီး
ကျွန်မလက်တွေက ဆုပ်ကိုင်ထားတယ် ။
" ရှင် မနှောင့်ယှက်ပါနဲ့ " လို့ ပြောလိုက်ပေမယ့်
သူ မထွက်သွားပါဘူး ။
He brouht his face near my ear.
I glanced at him and said , " What a shame ! "
But he did not move.
ကျွန်မ နား အနားကို သူ့မျက်နှာတိုးကပ်လာတယ် ။
ကျွန်မ သူ့ကို စိုက်ကြည့်ပြီး
" ရှင် အရှက်မရှိဘူးလား " လို့ ပြောလိုက်ပေမယ့်
သူ မရွေ့ပါဘူး ။
He lips touched my cheek.
I trembled and said , " You dare too much. "
But he had no shame.
သူ့ နှုတ်ခမ်းတွေ ကျွန်မပါးပြင်ကို လာထိတယ် ။
ကျွန်မ တုန်လှုပ်စွာနဲ့ ပြောမိတယ် ။
" ရှင် အတင့်ရဲလှချည်လား "
ဒါပေမယ့် သူ အရှက်ရှိပုံမရပါဘူး ။
He put a flower in my hair.
I said , " It is useless."
But he stood unmoved.
သူ ကျွန်မဆံပင်ပေါ်မှာ ပန်လေးတစ်ပွင့် ပန်ပေးတယ် ။
" အလကား အပိုအလုပ် " လို့ ပြောလိုက်ပေမယ့်
သူကတော့ မလှုပ်မရှက် ရပ်နေဆဲပါ ။
He took the garland from my neck and went away.
I weep and ask my ask ,
" What does he not come back ? "
သူ ကျွန်မလည်တိုင်က ပန်းကုံးလေးကိုယူပြီး
အဝေးကို ထွက်သွားပြီ ။
ကျွန်မ ငိုမိတယ် ။
ကျွန်မ နှလုံးသားကိုလည်း ပြန်မေးမိတယ် ။
သူ ဘာဖြစ်လို့ ပြန်မလာတော့တာလဲ ဟင် !!!!
မူရင်း - ရောဘင်ဒြာနတ်တဂိုး
ဆရာကောင်းသန့် ဘာသာပြန်ဆိုသည်
( ချစ်သူဖတ်ဖို့ စာအုပ်မှ)

ချစ်ရ သူ တစ်ဦးအတွက်......

ချစ်သူရယ် . . .
မင်းနဲ့ပတ်သက်ပြီး
မျော်လင့်ချက်တွေ တအားများခဲ့တယ်
အနာဂတ်ရဲ့ရွှေရောင်သတို့သမီးလေးတစ်ပါးအဖြစ်ပေါ့ ။
သံယောဇဉ်တွေ သက်ဝင်ယုံကြည်ခဲ့ပြီးမှ
ကို ဘာအမှားများလုပ်ခဲ့မိလို့
ခွဲမယ် ခွါမယ် ခဏခဏပြောရတာလဲ
မင်းလေးကြောင့်
နိုးတဝက် အိပ်ပျက်ညတွေ များခဲ့လည်း
ချစ်ခြင်းရဲ့မြစ်ဖျားတစ်နေရာက အတွယ်အတာတွေကို 
ကို အမြဲ ယစ်မူးခဲ့တာပါ
မင်းဘက်က ကြင်နာမှုသံစဉ်တွေ 
ဘာအတွက်ကြောင့်ပဲ ပျောက်ခဲ့ ပျောက်ခဲ့
ကို့ဘက်ကတော့
သမုဒယတွေကို ပျိုးပြီးရင်းပျိုးလို့
ဘဝအဆက်ဆက်  ချစ်နိုင်သလောက် ဆက်ချစ်နေမှာပါ ။
ချစ်သူရယ် . . .
ကို မကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေအတွက်
အသစ်ရှာဖို့ စိတ်ကူးလေသလား
တို့နှစ်ယောက်ချစ်ခြင်းတွေ ရှင်သန်စေဖို့
ဘယ်လိုလောင်စာတွေ
ကို သုံးရပါ့မလဲကွယ် ။
တစ်စုံတစ်ရာဟာ
ကို့ကို စိမ်းကားတတ်အောင် တွန်းအားပေးနေတယ်
အဲတာ ဥပေက္ခာတွေ မဖြစ်ပါစေနဲ့လို့
မင်း အကြောင်းစဉ်းစားတိုင်း
ရင်ဘတ်ထဲမှာ ဗြောင်းဆန်နေတယ်
အကြောင်းမှန်တကယ်တော့
အတွယ်အတာမှာ
မာယာတွေနဲ့ ဒဏ်သင့်လေပြီလား
ကမ်းခဲ့သမျှ လှမ်းဖို့ခက်နေသလိုပဲ
မင်းကို တမ်းတရင်း
စိတ်မှာ ဘဝင်မအေး ဖြစ်နေရပြီ ... ချစ်ရသူရယ် ။
စံပယ်ချို

မော်ဒယ်သန္တာလှိုင်နှင့်တွေ့ဆုံခြင်း

မြန်မာပရိသတ်က ဘယ်လိုပုံတွေက ညစ်ညမ်းပြီး ဘယ်လိုပုံတွေက ယဉ်ကျေးမှုနဲ့ လက်ခံလို့ရသလဲဆိုတာ ခွဲခြားတတ်လာပါပြီ

Photo
မော်ဒယ်ခေတ်ဦးတည်းက သီးသန့်မော်ဒယ်အဖြစ် ရပ်တည်လာခဲ့ပြီး အောင်မြင်နေချိန်မှာပဲ နိုင်ငံခြားကိုထွက်ခွာသွားခဲ့တဲ့ သန္တာလှိုင်ဟာ ၂၀၀၉ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ခုလို အိမ်ထောင်ကျပြီး ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေ အားပေးမှုရရှိထားပြီး အနုပညာအလုပ်တစ်ဖက်၊ စီးပွားရေးအလုပ်တစ်ဖက် ပြန်လည်အစပျိုး လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၃ မှာတော့ သူမ ကျွမ်းကျင်တတ်မြောက်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီး မော်ဒယ်လုပ်ငန်းကိုလည်း စိစစ်ပြီး လုပ်ကိုင်နေပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာ ၀င်ဆံ့အောင်မြင်ခဲ့တဲ့ မော်ဒယ်သန္တာလှိုင်နဲ့ ယနေ့ခေတ် မော်ဒယ်လောက ဖြတ်သန်းမှု၊ ဂယက်၊ ဝေဖန်မှုတွေအကြောင်းကို မေးမြန်းခဲ့ပါတယ်။
မော်ဒယ်၊ စီးပွားရေးလုပ်ကိုင်သူ တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ပြန်လည်ရပ်တည်ဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။
လူတွေအကုန်လုံးက အခုချိန်ကျမှ ရန်ကုန်ကို အလုအယက် ပြန်လာနေကြတဲ့အချိန်မှာ ကျွန်မက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သွားလိုက်၊ ပြန်လိုက်နဲ့ စပြီးအခြေချခဲ့တာပါ။ မီးကလည်းပျက်၊ အိမ်ကလေးကလည်း ကျဉ်းကျဉ်းလေးနဲ့ စီးပွားရေးတစ်ဖက်နဲ့ ကလေးတွေနဲ့ခွဲပြီး ဒီမှာ တစ်ဝက်နေ၊သြစတြေးလျမှာ တစ်ဝက်နေနဲ့ စခဲ့တာ။ အခုချိန်မှာတော့ စောစောပြန်လာတဲ့ အကျိုးကျေးဇူးကို စပြီးခံစားနေရပြီလို့ ပြောလို့ရပါပြီ။
လွန်ခဲ့တဲ့သုံးနှစ်ကျော်မှာ မြန်မာပြည်ကို ပြန်လာခါစတုန်းက အ၀တ်အစားဖက်ရှင်ဒီဇိုင်း လုပ်ငန်းကိုရော ဆက်လုပ်ဖြစ်နေပါသလား။
အ၀တ်အစား ဖက်ရှင်ဒီဇိုင်း လုပ်ငန်းတစ်ခုလုံးကို ရောင်းလိုက်ပါပြီ။ သိပ်ပြီးအောင်မြင်သွားလို့ ရောင်းလိုက်တာတော့ မဟုတ်ပါဘူး။ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းမို့လို့ပါ။ အခုတော့ ကိုယ်ကျွမ်းကျင်တဲ့ပညာနဲ့ပဲ လုပ်ငန်းစဖြစ်တော့ အချိန်တိုတိုအတွင်းမှာပဲ မထင်မှတ်ရလောက်အောင်ကို ခရီးရောက်လာပါတယ်။
ဒီလိုဆိုတော့ အခုလုပ်နေတဲ့ အလုပ်ကရော။
၂၀၁၂ မှာ ကျွန်မနဲ့ ကျွန်မရဲ့စီးပွားဖက်တစ်ဦးနဲ့အတူ မြန်မာပြည်တွင်း ဥပဒေပညာရှင်တွေနဲ့ပေါင်းပြီး ဥပဒေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးလုပ်ငန်းတစ်ခု  လုပ်ကိုင်ခဲ့ပါတယ်။ Australia  University of New England မှာ ဥပဒေရေးရာ အထူးပြုတက်ပြီး ကျောင်းမပြီးခင်လေးမှာ အလုပ်စလိုက်တာပါ။ ကိုယ်ကျွမ်းကျင်ရာမို့လို့လည်း အလုပ်တွေအားလုံး အချိန်တိုအတွင်းမှာ အဆင်ပြေပြေနဲ့ အံဝင်ခွင်ကျဖြစ်လာတာပါ။ Modelling နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ Agency တွေကိုလည်း ကျွန်မရဲ့ရုံးမှာပဲ လက်ခံပြီးတွေ့ဖြစ်ပါတယ်။
မော်ဒယ်ဘ၀၊ စီးပွားရေးလုပ်ငန်းရှင်ဘ၀နဲ့  မိခင်ဘ၀မှာ နေ့စဉ်အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲပါသလဲ။
ကျွန်မရဲ့လုပ်ငန်းက ရန်ကုန်မှာ  ရုံးချုပ်မို့လို့ ရန်ကုန်မှာပဲ အချိန်ပြည့်နေဖြစ်တာ ၂၀၁၂ တည်းကပါ။ ကျွန်မရဲ့ကလေးတွေလည်း ရန်ကုန်မှာပဲ ကျွန်မနဲ့နေပါတယ်။ အချိန်ဆိုတာ တကယ်ပေးချင်ရင် အမြဲရှိပါတယ်။ အဲဒီလိုမှ အချိန်ကို အကျိုးရှိအောင် မသုံးရင် ကလေးနဲ့အမေနဲ့က မနက် ကျောင်းမသွားခင်ရယ် ညအိပ်ချိန်ရယ်လောက်ပဲ တွေ့ရမှာလေ။ အချိန်ရရင်ရသလို ကလေးတွေနဲ့ အတူရှိနေပါတယ်။
မော်ဒယ်လုပ်ငန်းအကြောင်း အဓိကမေးချင်ပါတယ်။ မော်ဒယ်ခေတ်ဦးကတည်းက Professional အဖြစ် လုပ်ကိုင်ခဲ့တဲ့ အစ်မရဲ့မော်ဒယ်ဘ၀ ဖြတ်သန်းမှုနဲ့ ဒီနေ့ မော်ဒယ်ဖြတ်သန်းမှုမှာ ဘာတွေ ကွဲပြားခြားနားသွားပါသလဲ။
ဒီကနေ့အချိန်မှာတော့ ကိုယ်က နေရာတစ်ခုကို သီးသီးသန့်သန့် ယူထားတဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်တဲ့အတွက်ရော၊ နိုင်ငံတကာ အတွေ့အကြုံတွေရှိတဲ့ လက်ဦးမော်ဒယ်ဖြစ်နေတာကလည်းတစ်ကြောင်း၊ ငယ်ငယ်တုန်းက ရပ်တည်ရတာနဲ့တော့ မတူဘူးပေါ့။ နေရာပေးခံရတာချင်းရော၊ လေးစားမှုရော ငယ်ငယ်ကနဲ့တော့ ယှဉ်လို့မရပါဘူး။
မော်ဒယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်သိက္ခာပိုင်း၊ တန်ဖိုးထားမှုဆိုတာကို နိုင်ငံတကာ မော်ဒယ်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ခဲ့တဲ့ အစ်မ ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ဆိုလိုပါသလဲ။
မော်ဒယ်တင်မဟုတ်ဘဲ လူတိုင်းမှာ ကျင့်ဝတ်နဲ့သိက္ခာဆိုတာ ရှိပါတယ်။ မော်ဒယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာလည်း လူတစ်ယောက်မှာ ရှိသင့်တဲ့ ဂုဏ်သိက္ခာနဲ့ ဘာမှမကွာပါဘူး။ ပိုတိုးရင်သာတိုးသွားမယ်။ မော်ဒယ်ဆိုတာကျတော့ အားလုံးက ပိုစိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ခံရတဲ့ အလုပ်အကိုင်
ဖြစ်နေလို့ပါပဲ။
ယနေ့ခေတ် မော်ဒယ်လို့ ဆိုကြတဲ့ တချို့မြန်မာမော်ဒယ် မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဖော်ပြမှုတွေက မော်ဒယ်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့တန်ဖိုးကို ယုတ်လျော့စေနိုင်တယ်လို့ ထင်ပါသလား။
အဲဒါဟာ အင်မတန်မေးကြတဲ့ မေးခွန်းပါ။ အခု ကျွန်မမြင်တာက ဂုဏ်သိက္ခာထိခိုက်စရာကောင်းတဲ့ အ၀တ်အစားမျိုး ၀တ်ပြီးတော့ မြန်မာမျက်စိမှာ ကြည့်ရတာ အဆင်မပြေတဲ့ ဆေးလိပ်နဲ့ အရက်ကြော်ငြာကို မိန်းကလေးတွေလုပ်ရင် သူတို့ကိုယ်သူတို့ မော်ဒယ်ဆိုပြီး ဂုဏ်ပုဒ်တပ်လိုက်တဲ့အတွက် မြန်မာလူကြီးအများစုဟာ မော်ဒယ်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းကို အမြင်မှားလာစရာ ရှိပါတယ်။ ဆေးလိပ်နဲ့ အရက်ရောင်းတာကို မှားတယ်လို့ ပြောတာမဟုတ်ပါဘူးနော်။ မော်ဒယ်အနုပညာဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မော်ဒယ်လို့ နာမည်တပ်ထားတဲ့ လူတွေကိုပဲ ကြည့်ပြီး သုံးသပ်သွားကြမှာမို့လို့ လွယ်လွယ်ကူကူနဲ့ ဓာတ်ပုံတစ်ခါလောက် ရိုက်ဖူးရင်ဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခါလောက် ပြိုင်ဖူးရင်ဖြစ်ဖြစ်၊ ကလပ်ထဲမှာ  စင်ပေါ်ခဏလျှောက်ဖူးရင်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မော်ဒယ်လို့ နာမည်မတပ်ကြပါနဲ့လို့ဘဲ ကျွန်မ တောင်းပန်ချင်ပါတယ်။
အဖော်အချွတ်ဓာတ်ပုံတွေ အွန်လိုင်းမှာ နေရာယူလာတာဟာ ပြည်တွင်းမော်ဒယ်တွေအပေါ် အမြင်တိမ်းစောင်းမှု ဖြစ်နိုင်ပါသလား။ ဥပမာ စပွန်ဆာရှာတယ်ဆိုတဲ့ အမြင်မျိုး လူမှုရေးပြဿနာတွေနဲ့ ရောထွေးအမြင်ခံရနိုင်ခြေ ပိုများနိုင်ပါသလား အစ်မ။
ပြည်တွင်းမော်ဒယ်အများစုက ဒီလိုပုံတွေ မရိုက်ကြပါဘူး။ မော်ဒယ်အနည်းစုသာ အွန်လိုင်းပေါ်မှာ ညီမပြောတဲ့ ပုံတွေ ရှိနေတာပါ။ အ၀တ်မပါဘဲနဲ့တောင် ညစ်ညမ်းတယ်ဆိုတဲ့ အာရုံမကျန်ခဲ့စေဘဲနဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုလေးကျန်အောင် ရိုက်ပြီးတင်ဆက်နိုင်ရင် အနုပညာမြောက်တယ်လို့  ကျွန်မ ယူဆပါတယ်။ ဒါပေမဲ့ အခုမြင်နေရတာတွေက ဆင်ဆာမရှိတော့ဘူးဆိုတိုင်း အင်္ကျီတော့ ၀တ်ထားပါတယ်။ ပို့စ်က လှုံ့ဆော်နိုးကြွစေတဲ့ ပို့စ်နဲ့ Lighting က ပြေပြစ်မှုမရှိ Composition က ဘာမှပညာသား မပါလည်း Print Add တွေမှာ သုံးနေကြတယ်။ အခု ပြောနေတာက ကျွန်မကိုယ်တိုင်က အဖော်အချွတ်ဓာတ်ပုံတွေ မရိုက်ဘူးဆိုတာနဲ့ သူများ လှလို့ချွတ်ပြီး ရိုက်လို့ရလို့ ရိုက်ထားတာကို မနာလိုစိတ် ထားသလိုမျိုး ဖြစ်သွားမှာပေါ့နော်။ မြန်မာပရိသတ်ဟာလည်း အမြင်ကျယ်လာပါပြီ။ နိုင်ငံကြီး ပွင့်လင်းလာတာနဲ့အမျှ တစ်ကမ္ဘာလုံးက အဆင့်အတန်းမီ ဓာတ်ပုံတွေ၊ ကြော်ငြာတွေမှာ ဘယ်လိုပုံတွေက ညစ်ညမ်းပြီး ဘယ်လိုပုံတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ လက်ခံလို့ရသလဲဆိုတာ ခွဲခြားတတ်လာပြီ။ မော်ဒယ်တိုင်း ဒီလိုပုံမျိုး မရိုက်ဘူးဆိုတာလည်း ခွဲခြားတတ်လာပါလိမ့်မယ်။
အစ်မရဲ့ လက်ရှိဘ၀မှာ ဘယ်လို အားသာချက်တွေကြောင့် Career Woman အဖြစ် ရပ်တည်နိုင်တာပါလဲ။
အားသာချက်လို့ ပြောရလောက်အောင် ကျွန်မမှာ ကြီးကြီးကျယ်ကျယ်ပြစရာ တစ်ခုမှ မရှိဘူးထင်တယ်။ Career Woman အနေနဲ့ ရပ်တည်နိုင်တာကတော့ ကိုယ်ဖြစ်ချင်စိတ်ရှိရင် အကုန်ဖြစ်အောင်လုပ်နိုင်တဲ့ လူ့စိတ်စွမ်းအားဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အဲဒါကြောင့် ကျွန်မ အခုလောလောဆယ် လုပ်နေတဲ့အရာတွေ အားလုံးဟာ ဒီစိတ်လေးတစ်ခုတည်းကြောင့်နဲ့ ဖြစ်တည်၊ ရပ်တည်နေတာလို့ ပြောရင် ရပါတယ်။ ဥပမာ ဒီနေ့ဆို ကလေးတွေ အိပ်ရာကနိုးတာနဲ့ အငယ်ကောင်ကို နို့ဖျော်တိုက်တယ်။ သမီးအကြီးက ကျွန်မကိုယ်တိုင် ဆံပင်စည်းပေးမှ ကျောင်းသွားတယ်။ ကလေးတွေ ကျောင်းပို့ရင်းနဲ့ ရုံးကို အတူတူထွက်လို့ရတာပေါ့။ ရုံးမှာဆို Appointment တွေ အပြည့်တန်းစီနေတာ။ ညနေ ၄ နာရီလောက်ဆိုရင် ကလေးတွေ အိမ်ရောက်လောက်ပြီဆိုတာ တွေးပြီး အိမ်ပြန်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ တစ်ခါတလေ တစ်ပတ်လုံး ညစာစားပွဲတွေ၊ တွေ့ဆုံပွဲတွေ ပြည့်နေတော့ အိမ်စောစောပြန်ပြီးမှ ပြန်ထွက်တယ်။ တစ်ခါတလေကျတော့လည်း တော်ရုံတန်ရုံ အလုပ်နဲ့မပတ်သက်တဲ့ ဧည့်သည်ဆို အိမ်မှာပဲတွေ့တော့ ကလေးတွေနဲ့ အချိန်ပဲ့မပါဘူးပေါ့။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။      ။

မြောက် ကိုရီးယား။။။။။။။။အရေး ခင်း

မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။
မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေ ပါတယ်၊ မြောက်ကိုရီးယား ဖက်က Missile ဒုံးလက်နက်ပစ်လွှတ်မှုကို ကာကွယ်နိုင်ဖို့ အသင့် ပြင်ဆင် ထားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ထားတယ်လို့ ကာကွယ်ရေးဌာနပြောခွင့်ရသူတွေက VOA ကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်ဖို့ စစ်တပ်က နောက်ဆုံးခွင့်ပြုချက်ပေးလိုက်ပြီလို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ သုံးသပ်သူ အများစု ကတော့ မြောက်ကိုရီးယား အစိုးရအနေနဲ့ အဲဒီလို တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ ပြောနေကြပါတယ်။

မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို နိုင်ငံရဲ့ အရှ့ဖက် ကမ်းရိုးတမ်းကို ရွှေ့ထားတယ်ဆိုတာကို တောင်ကိုရီးယားက ကြာသပတေးနေ့က အတည်ပြုပါတယ်၊ ဒီဒုံးလက်နက်ဟာ အကွာအဝေး တခုအထိသွားနိုင်ပေမဲ့ အမေရိကန် ပြည်မကြီးကို ရောက်နိုင်မဲ့ပုံတော့ မရှိဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan Jin ကပြောပါတယ်၊

ဗုံးတန်ချိန် ၁ တန်ကျော်တင်ဆောင်နိုင်တဲ့ ပေ ၄၀ ကနေ ၆၂ ပေရှည်တဲ့ Musudan Rocket ဒုံးကျည်ဖြစ်ပုံရတယ်လို့ Seoul မြို့တော်က တာဝန်ရှိသူတွေကို ကိုးကားပြီး အစိုးရ အာဘော် ပါတဲ့ တောင်ကိုရီးယား သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ဒီ Rocket ဒုံးကျည်ဟာ Nuclear ထိပ်ဖူးတပ်နိုင်စွမ်းရှိပေမဲ့ အဲဒီလောက်အထိ မြောက်ကိုရီးယားအစိုးရမှာ လုပ်နိုင်စွမ်း မရှိဘူးလို့လဲ လေ့လာသူတွေက သုံးသပ်နေ ပါတယ်။  မြောက်ကိုရီးယား တို့ရဲ့ ခြိမ်းခြောက်မှု ကို Pantegon စစ်ဌာနချုပ်က အလေးအနက် ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကလဲ ပြောပါတယ်။

 Add caption